အာဆင်နယ်အသင်းအနေနဲ့ ဟတ်ဒါဖီးလ်နဲ့ တွေ့ဆုံထားတဲ့ နောက်ဆုံး ၃ ပွဲစလုံး အနိုင်ကစားထားနိုင်သလို ဒီနှစ်မှာလည်း ပြိုင်ပွဲစုံ နောက်ဆုံး ပွဲ ၂၀ တိတိ ရှုံးပွဲလုံးဝရှိမထားပါဘူး။
Photo - Mirror
အာဆင်နယ်အသင်းကတော့ ဒီကနေ့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဟတ်ဒါဖီးလ်အသင်းနဲ့ကစားရမှာ ဖြစ်ပြီး အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။
မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ကစားမယ့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက်တော့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် မဖြစ်မနေ အနိုင်ကစားထားဖို့လိုပါတယ်။
ခင်္သြေ့ပြာတွေရဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်သားရဲတွင်းထဲမှာ အစမ်းသပ်ခံရမယ့် မန်စီးတီး
အခြားတစ်ဖက်မှာလည်း အဆင့် ၄ နေရာက ချဲလ်ဆီးက အဆင့် ၁ နေရာက မန်စီးတီးနဲ့ ပွဲကြပ်ကစားရမှာကြောင့် ဒီပွဲစဉ်မှာ အာဆင်နယ်အ အသင်း အနိုင် ၃ မှတ်ရပါမှ အပေါ်က အသင်းတွေနဲ့ အမှတ်ကပ်နိုင်မှာပါ။
လက်ရှိအာဆင်နယ်အသင်းက အဆင့် ၅ မှာရပ်တည်နေပေမယ့် အဆင့် ၄ က ချဲလ်ဆီးနဲ့ ရမှတ် ၃၁ မှတ်ချင်းတူညီနေတာပါ။ချဲလ်ဆီးက ဂိုး ကွာခြားချက် အနည်းငယ် အသာရနေလို့ အဆင့် ၄ မှာရပ်တည်နေတာကြောင့် ဒီနေ့ ကစားမယ့် ပွဲမှာ မန်စီးတီးကို အနိုင်ကစားနိုင်ပါမှ အဆင့် ၄ နေရာ ဆက်လက် ရပ်တည်နိုင်မှာပါ။
Photo - Sportskeeda
အာဆင်နယ်အသင်းကတော့ တစ်ဖက် ပြိုင်ဖက် ဟတ်ဒါဖီးလ်အသင်းနဲ့ နောက်ဆုံး ၃ ကြိမ်တွေ့ဆုံထားရမှာ ၃ ကြိမ်စလုံး အနိုင်ရရှိအောင် ကစားထားနိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။
လက်ရှိ အခြေအနေကို ကြည့်လိုက်မယ်ဆိုရင်လည်း အာဆင်နယ်အသင်းက နောက်ဆုံး ပြိုင်ပွဲစုံ ပွဲ ၂၀ တိတိ ရှုံးပွဲ လုံးဝမရှိထားတာက အကြီး မားဆုံး အားသာချက်ပါ။ ဒါ့အပြင် နောက်ဆုံး ကစားထားတဲ့ ၂ ပွဲမှာ တစ်ပွဲက စပါး၊တစ်ပွဲက မန်ယူမှာ ရမှတ်က ၄ မှတ်အထိ ရရှိအောင်စွမ်း ဆောင်ထားနိုင်ပြန်ပါတယ်။
Photo - Arseblog News
ဟတ်ဒါဖီးလ်ကတော့ အာဆင်နယ်အသင်းနဲ့ ပြောင်းပြန် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရေးနိမ့်ထားပြီး အဆင့် ရပ် တည်မှု ၁၇ နဲ့ တန်းဆင်းဇုန် အန္တရာယ် ရှိနေပါတယ်။
အမေရိကန်နည်းပြ ဒေးဗစ်ဝါဂ်နာ ကိုင်တွယ်နေတဲ့ ဟတ်ဒါဖီးလ်အနေနဲ့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာအဖက်ဖက် ယှဉ်နိုင်ဖို့ခက်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းကပဲ ချဲလ်ဆီးအသင်း ပွဲကြပ်တွေ့ဆုံနေမှုကို အကောင်းဆုံး အခွင့်အရေးယူကာ အဆင့် ၄ နေရာအတွက် အနိုင် ၃ မှတ်ကို ပြည့်ပြည့်၀၀ ရယူသွားမှာပါ။
Share