ပေါ့ဂ်ဘာအနေနဲ့ ဘယ်လောက်ကစားနိုင်သလဲဆိုတာ သက်သေပြဖို့လိုတယ်လို့ မော်ရင်ဟိုက စိန်ခေါ်ခဲ့ပါတယ်။

မန်ယူနည်းပြမော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာဟာ ဒီနှစ်ဘောလုံးရာသီရဲ့သတင်းလူသားတွေဖြစ်နေပါတယ်။ အခုလည်း မန်ယူမှာ ပေါ့ဂ်ဘာတစ်ယောက်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး မန်ယူနည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာကို အသင်းနဲ့အတူတသားတည်းကစားနိုင်အောင်ကြိုးစားသင့်တယ်လို့ ဖူလ်ဟမ်အသင်းကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

jose-mourinho-paul-pogba-manchester-united-west-ham-290918_1p8pkes8cwu2t1cbggxwjfmone.jpg

Photo: goal.com

 

မန်ယူဟာပြီးခဲ့တဲ့ စနေနေ့က ဖူလ်ဟမ်ကို ၄-၁ဂိုးနဲ့အနိုင်ရပြီး ပရီးမီးယားလိဂ်မှာ လေးပွဲဆက်နိုင်ပွဲပျောက်ဆံုံး နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ မော်ရင်ဟိုနဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရဲ့ဆိုးရွားတဲ့ ဆက်ဆံရေးကတော့ လက်ရှိအချိန်အထိ အဆုံးမသတ်နိုင်သေးပါဘူး။

မန်ယူနည်းပြ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကိုပွဲထွက်လူစာရင်းကနေချန်လှပ်ထားပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပွဲထွက်ပြန်သုံးဖို့ရှိပြီး ပေါ့ဂ်ဘာအနေနဲ့ ဘယ်လောက်ကစားနိုင်သလဲဆိုတာ သက်သေပြဖို့လိုတယ်လို့ မော်ရင်ဟိုက စိန်ခေါ်ခဲ့ပါတယ်။

Photo: goal.com

အိုဇေးလ်ကို အာဆင်နယ် ရောင်းထုတ်တော့မှာလား 

မော်ရင်ဟိုဟာ ပေါ့ဂ်ဘာကို အသင်းနဲ့တသားတည်းကစားနိုင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လိုတယ်လို့လည်း သတိပေးပြေကြားခဲ့ပါသေးတယ်။

“ပေါ့ဂ်ဘာက အံ့သြဖွယ်ကောင်းအောင်ကစားတတ်တဲ့ ကစားသမားပါ။ ဒါပေမယ့် အသင်းနဲ့ ကစားပုံတသားတည်းဖြစ်အောင် တည်ငြိမ်တဲ့စိတ်ဓာတ်နဲ့ကစားဖို့လိုပါတယ်။ ဗလင်စီယာနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ သူဘယ်လောက်ကောင်းအောင်ကစားနိုင်သလဲဆိုတာ လူတိုင်းကို ပြဖို့လိုပါတယ်။”လို့ မော်ရင်ဟိုက ဖူလ်ဟမ်ကို ၄-၁ဂိုးနဲ့အနိုင်ရခဲ့ပွဲအပြီးမှာ သတင်းထောက်တွေရဲ့ပေါ့ဂ်ဘာအကြောင်းမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo: goal.com

 

ပေါ့ဂ်ဘာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘာစီလိုနာကိုပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ကာယကံရှင်ရောအသင်းကပါအတည်ပြုထားခြင်းမရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာရော မော်ရင်ဟိုပါ မန်ယူနဲ့အနာဂတ်သေချာခြင်းမရှိသေးပဲ နည်းပြ မော်ရင်ဟိုကိုလည်း ရာသီကုန်မှာ အဆင့်၄အတွင်းမဝင်ရင် ရာထူးကထုတ်မယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

Share

Loading Next Article...
က္က