လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေနဲ့ ဆဲဆိုခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရပြီး ၎င်းအနေနဲ့ ရယ်ပဲ ရယ်ပြခဲ့လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ထရိုပိုလီတန်ရဲအရာရှိတွေဟာ ချယ်ဆီးပရိသတ်တွေ စတားလင်းကို ရိုင်းပျပြီး လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့အော်ဟစ်ဆဲဆိုနေတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် လန်ဒန်ကနေ မန်ချက်စတာကို စုံစမ်းစစ်ဆေးဖို့အတွက် သွားရောက်ခဲ့ပါတယ်။

NINTCHDBPICT000454928347-e1544303917908.jpg

Photos: The Sun



စတားလင်းဟာ ချယ်ဆီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးပြီးချင်းမှာပဲ ၎င်းကို လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့ ဆဲဆိုခဲ့တာကို ကြားခဲ့ကြောင်း မန်ချက်စတာစီးတီးလုံခြုံရေးဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်း အသုံးပြုခဲ့တဲ့ပရိသတ်ကို အတည်ပြုပေးနိုင်ခဲ့ပေမယ့် အဖမ်းအဆီးသတင်းတွေတော့ မကြားရသေးပါဘူး။

ယင်းအဖြစ်အပျက်ကြောင့် မန်စီးတီးတောင်ပံကစားသမား စတားလင်းဟာ လူမှုကွန်ရက်မှာ ထုတ်ပြန်ချက်တစ်ခု ရေးသားခဲ့ပါတယ်။ ချယ်ဆီးအသင်းကလည်း ရဲတပ်ဖွဲ့နဲ့ အနီးကပ်ပူးပေါင်းပြီး လုံခြုံရေးကင်မရာနဲ့ ယင်းပွဲစဉ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ BT Sport ရုပ်သံလိုင်းက ရုပ်သံဖိုင်တွေကိုလည်း ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

Photos: The Sun

 

"ကောင်းသောနံနက်ခင်းပါလို့ ကျွန်တော် ပြောချင်ရုံပါ။ ကျွန်တော်က သာမန်အားဖြင့် စကားအများကြီးပြောလေ့ရှိတဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောဖို့လိုလာပြီလို့ ထင်ရင်တော့ ကျွန်တော် ပြောရပါလိမ့်မယ်။ ချယ်ဆီးနဲ့ပွဲမှာ ကျွန်တော် ရယ်မောနေခဲ့တာကို ကြည့်ပြီး ဘာအပြောခံရလဲလို့ ခင်ဗျားတို့ ထင်ကြလဲ။ ကျွန်တော် ရယ်မောနေခဲ့တာက အဲဒီထက်ပိုကောင်းတာကို မျှော်လင့်မထားခဲ့လို့ပါ။ ဥပမာ ခင်ဗျားဆီမှာ တူညီတဲ့အသင်းတစ်သင်းတည်းအတွက် ကစားနေတဲ့ လူငယ်ကစားသမား ၂ ယောက်ရှိတယ်ဆိုပါစို့။ ၂ ယောက်စလုံးကလည်း မှန်ကန်တဲ့အရာတွေပဲ လုပ်နေကြတယ်။ သူတို့ကို အချိန်တွေအများကြီးပေးပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးခဲ့တဲ့ သူတို့အမေအတွက် အိမ်ဝယ်ပေးတယ်။ ဒါပေမယ့် သတင်းစာတွေက လူမည်းကစားသမားလေးနဲ့ လူဖြူကစားသမားလေးတို့အကြောင်းကို ဘယ်လို ဖော်ပြကြလဲဆိုတာ ကြည့်ပါဦး။ အပြစ်မရှိတဲ့ လူငယ် ၂ ယောက်စလုံးဟာ ဘာမှမဟုတ်တာ မလုပ်ထားတဲ့အတွက် ဒါက လက်မခံနိုင်စရာလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် စကားမစပ်နော် အဲဒီဟာကို သီးခြားစကားလုံးနဲ့ အသုံးပြုပြီး ရေးခဲ့ကြတယ်။ ဒီ လူမည်းကောင်လေးက လူဆိုးတစ်ယောက်လို လူတွေက မြင်သွားကြပါတယ်"

"အဲဒါက လူမျိုးရေးခွဲခြားမှုနဲ့ ရန်လိုတဲ့အပြုအမူတွေအတွက် လောင်စာဖြစ်စေပါတယ်။ အဲဒီတော့ ဒီနေ့ခေတ်မှာ လူမျိုးရေးဘာကြောင့်ခွဲခြားကြလဲဆိုတာ နားမလည်ကြတဲ့ သတင်းစာအားလုံးအတွက် ကျွန်တော် ပြောစရာရှိတာကတော့ မျှတတဲ့လူသိရှင်ကြား ထုတ်ဖော်ခြင်းနဲ့ ကစားသမားအားလုံးကို တူညီတဲ့အခွင့်အရေးပေးဖို့ ဒုတိယအတွေးလေး ရှိကြဖို့ပါ"လို့ ရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က