ကောင်းမွန်တဲ့ပြောဆိုဆွေးနွေးမှုဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ နည်းပြမော်ရင်ဟိုနဲ့ စကားပြောဆိုခဲ့ပြီးနောက် ၎င်းရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရှိခဲ့ရပြီဖြစ်ပြီး ပုံစံကောင်းပြသဖို့ ထွက်ပေါ်လာနိုင်ခဲ့ပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။ လူကာကူဟာ မန်ယူအသင်းအတွက် ပွဲဦးထွက်ရာသီမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ယခုရာသီမှာ ယင်းပုံစံကောင်းအတိုင်း ထပ်မံပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။

skysports-lukaku-romelu-manchester-united_4477768.jpg

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူကာကူဟာ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ မတ်လကတည်းက ဖူလ်ဟမ်အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းပြီးနောက်ပိုင်း ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သူဖြစ်ပါတယ်။

လူကာကူကို ပြင်ပဖိအားတွေက ၎င်းအပေါ်မှာ ပိနေခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ လူကာကူက ငြင်းပယ်ခဲ့ပြီး ဆက်လက်ကြိုးစားနေဖို့သာ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ဟင့်အင်း။ တကယ်တော့မဟုတ်ပါဘူး"

"ကျွန်တော် ဆက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားနေဖို့ပဲ လိုအပ်တာပါ။ ကျွန်တော်နဲ့ နည်းပြတို့ဟာ ပြီးခဲ့တဲ့ရက်တွေတော်တော်များများမှာ ကောင်းမွန်တဲ့စကားပြောဆိုမှုတွေရှိခဲ့ကြပြီး ကျွန်တော့်ဆီကနေ လိုချင်တယ်လို့ သူ ပြောခဲ့ပါတယ်"

"ကျွန်တော် ပိုကောင်းမွန်အောင် လုပ်ရမှာပါ။ ကျွန်တော် ရှေ့ဆက်ပြီး အသင်းကို အနိုင်ရရှိစေဖို့နဲ့ ကျွန်တော် ပါဝင်ကစားတဲ့ ပွဲစဉ်ထဲမှာ ကစားပုံကို တိုးတက်အောင်ကြိုးစားသွားမှာပါ"

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် ၄ ဂိုး သွင်းယူပေးခဲ့တဲ့ လူကာကူက ကြွက်သားတွေ ကြွက်သားတွေတက်အောင် လုပ်ထားတာကို ပြန်လျော့သွားအောင် လုပ်ဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ကြွက်သားနည်းနည်း တင်ထားပါတယ်။ ကမ္ဘာ့ဖလားတုန်းကပါ။ ကျွန်တော် အရမ်းကောင်းမွန်တယ်လို့ ခံစားခဲ့ရပြီး ကမ္ဘာ့ဖလားမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီကိုပြန်လာတဲ့အချိန်မှာ မတူညီတဲ့ ကစားဟန်မျိုးဖြစ်ခဲ့ပါတယ်"

"ပရီးမီးယားလိဂ်မှာ ကစားတဲ့အခါ နိုင်ငံတကာပြိုင်ပွဲတွေမှာ ကစားတဲ့ကြွက်သားပမာဏအတိုင်း ကျွန်တော် မကစားနိုင်ပါဘူး။ ဒါက ကျွန်တော် ပြန်လာတဲ့အချိန်ကတည်းက 'ငါတော့ ဒီလို ပုံစံမျိုးနဲ့ ဒီမှာကစားလို့မရနိုင်ဘူး'လို့ ချက်ချင်းသိသွားခဲ့တဲ့အရာပါ"

"ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော် တကယ်ပင်ပန်းခဲ့တယ်လို့ ထင်ပါတယ်"

"ဒါပေမယ့် ခင်ဗျား သိတဲ့အတိုင်းပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးတုန်းကလည်း အဲဗာတန်ကို ပြန်ရောက်တဲ့အချိန်မှာ ဒီလိုမျိုး တူညီတဲ့အခြေအနေမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော် တကယ်ကို ခြေကုန်လက်ပမ်းကျသွားခဲ့ပါတယ်"

"အခု ကျွန်တော် စိတ်ကျေနပ်စရာကောင်းတဲ့အဆင့်ကို ပြန်ရောက်နေပြီလို့ ထင်ပါတယ်။ နောက်ထပ်တစ်ကြိမ် ဆက်သွားဖို့ အဆင်သင့်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က