တောရက်စ်တင်ရှိထားတဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဖာနန်ဒိုတောရက်စ် တင်ရှိထားတဲ့ စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ညက ဘုန်းမောက်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မိုဟာမက်ဆာလာက ခြေစွမ်းပြပြီး တစ်ဦးတည်း ၃ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။



1544341083_04d2f.jpg

Photos: Soccerladuma

လီဗာပူးအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဟောင်း ဖာနန်ဒိုတောရက်စ်ဟာ လီဗာပူးအသင်းအတွက် ပွဲ ၆၀ ကစားခဲ့ရာမှာ သွင်းဂိုး ၄၀ သွင်းယူပြီး ပွဲအရေအတွက်အနည်းဆုံးနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ် ရော်ဘီဖောင်လာကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်ရှိခဲ့တာဖြစ်ပါတယ်။

[No available link text] 

မိုဟာမက်ဆာလာဟာ ဘုန်းမောက်အသင်းဘက်ကို အဖွင့်ဂိုး သွင်းယူခဲ့တဲ့ဂိုးဟာ ၎င်းရဲ့သွင်းဂိုး ၄၀ မြောက်သွင်းဂိုးဖြစ်ပြီး ၅၂ ပွဲကစား သွင်းဂိုး ၄၀ အထိ အမြန်ဆုံးရောက်ရှိခဲ့တဲ့ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

Photos: talkSPORT

 

ဘုန်းမောက်အသင်းရဲ့နည်းပြ အက်ဒီဟောင်းဟာ လီဗာပူးအသင်းရဲ့ကစားကွက်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိဘဲ ပွဲအပြီးမှာ မိုဟာမက်ဆာလာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။

"ဆာလာကစားသွားတာ အရမ်းကောင်းပါတယ်။ သူ တကယ်ကောင်းခဲ့တယ်မဟုတ်လား"

"သူ့ပုံစံက ထက်မြက်တဲ့ ဓားသွားတစ်ခုလိုပဲ။ ကျွန်တော်တို့ သူ့ကို ကိုင်တွယ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ"လို့ FourFourTwo ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က