AD
AD
AD

တနင်္ဂနွေနေ့ည ၁၀ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ တိုက်စစ်မှာ လာကာဇက်ကို အထောင်ထားပြီး မစ်ခီတာယန်၊ အိုင်ဝိုဘီ၊ အူဘာမီယန်းတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက အာဆင်နယ်အသင်းက အချိတ်အဆက်မိမိနဲ့ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ၁၄ မိနစ်မှာ အူဘာမီယန်းက လာကာဇက်ရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

play

 

ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်သတ်မှတ်ပေးခဲ့ရာ အာဆင်နယ်အသင်းက ၄၈ မိနစ်မှာ ဘယ်လာရင်ရဲ့ ဖြတ်တင်ပေးပို့မှုကို လာကာဇက်က အပိုင်ပိတ်သွင်းယူပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၅၄ မိနစ်မှာ ဝီလ်ရှိုင်းယားရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ကိုလာစီနက်က အာဆင်နယ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

play

 

၆၄ မိနစ်မှာ အူဘာမီယန်းရဲ့ပေးပို့မှုကနေတစ်ဆင့် အိုင်ဝိုဘီက အာဆင်နယ်အသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၇၅ မိနစ်မှာ ဘယ်လာရင်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် အူဘာမီယန်းက အာဆင်နယ်အသင်းအတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးအတွက် ယနေ့ပွဲစဉ်ဟာ အာဆင်နယ်အသင်းရဲ့နည်းပြအဖြစ်နဲ့ နောက်ဆုံးကိုင်တွယ်ရတဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်ပြီး ၆၀၆ ပွဲမြောက်အဖြစ် ကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာကတော့ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ကိုဗင်ထရီအသင်းနဲ့ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD