AD
AD
AD

၂၀၁၇-၁၈ ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် ခရစ္စမတ်ကာလ Boxing Day ကတော့ ရောက်ရှိလို့လာခဲ့ပါပြီ။

play

 

ယနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၈)ပွဲအနက် အစောဆုံးပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားကြ မှာလည်း ဖြစ်ပါတယ်။

ဒီနှစ်သင်းစပါးအသင်းအသင်းရဲ့ အိမ်ကွင်းမှာ တွေ့ဆုံထားရာမှာတော့ နောက်ဆုံး ၁၈ ကြိမ်မှာ ဆောက်သမ်တန်အသင်းက ၃ ကြိမ်သာ အနိုင် ရရှိထားပြီးနောက်ဆုံးအကြိမ် အနိုင်ရရှိထားတာကတော့ ၂၀၁၆ ခုနှစ်က ဖြစ်ပြီး စတီဗင်ဒေဗီးစ်ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် ဆောက်သမ်တန်အသင်းအနေနဲ့ စပါးအသင်းအိမ်ကွင်းမှာ လာကစားတဲ့ နောက်ဆုံး ၂၆ ပွဲမှာလည်း ဂိုးမပေးရတဲ့ ပွဲက တစ်ပွဲသာရှိခဲ့ တာကိုလည်း တွေ့ရပါတယ်။

ဒီနှစ်သင်းရဲ့ လက်ရှိအနေအထားကို ဖော်ပြရမယ်ဆိုရင် စပါးအသင်းက နောက်ဆုံးကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲအနိုင်ရရှိထားပြီး သွင်းဂိုးကလည်း ၁၁ ဂိုးအထိရရှိထားတာကို တွေ့ရပါတယ်။ဒါ့အပြင် စပါးအသင်းအနေနဲ့ နောက်ဆုံး ၁၁ နှစ်ဆက်တိုက် ကစားခဲ့တဲ့ Boxing Day ပွဲစဉ်တွေမှာ ၂၀၀၃ က ပို့စ်မောက်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် လုံးဝရှုံးနိမ့်ခြင်း မရှိထားပေ။

စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်အလီက ဆောက်သမ်တန်အသင်းနဲ့ ကစားထားတဲ့ နောက်ဆုံး ၄ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားနိုင် တာကြောင့်ယနေ့ပွဲမှာလည်း ဂိုးသွင်းမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကတော့ လက်ရှိပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ပွဲသာ အနိုင်ရထားပြီး ၅ ပွဲရှုံးနိမ့်ထားကာ ၄ ပွဲသရေကစားထားပါတယ်။ဒါ့ အပြင် နောက်ဆုံး ၁၀ ပွဲဆက်မှာ ဂိုးမပေးရတဲ့ပွဲတစ်ပွဲမှ မရှိထားပဲ ဒီစံချိန်ဟာ နယူးကာဆယ်အသင်းနဲ့အတူ ရပ်တည်နေပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့ ၀င်ဘလေမှာလာကစားတဲ့ နောက်ဆုံး ၄ပွဲမှာ ဂိုးပေါင်း ၂၀ အထိ ထွက်ပေါ်ခဲ့ပြီး နိုင်ပွဲကတော့ တစ်ပွဲသာရှိခဲ့ပါ တယ်။ယခုကစားမယ့် ပွဲစဉ်ကတော့ ၂၀၁၇ ခုနှစ်အတွင်း ၎င်းတို့ရဲ့ ဒုတိယမြောက် ၀င်ဘလေ ခရီးစဉ်ဖြစ်ပြီး ပထမပွဲစဉ်ကတော့ မန်ယူအသင်းကို ၃-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဖိုင်နယ်ပွဲစဉ်ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းအနေနဲ့ Boxing Dayကို ကစားခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာလည်း ရှုံးနိမ့်ထားခြင်းမရှိပဲ ၅ ပွဲအထိ အနိုင်ကစားထားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အဓိက စောင့်ကြည့်ရမယ့် ကစားသမားကတော့ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းပဲ ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ယနေ့ပွဲစဉ်မှာ သာ ကိန်းအနေနဲ့ အနည်းဆုံး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါက တစ်နှစ်တာအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် တစ်ချိန်က ဘလက်ဘန်း တိုက်စစ်မှူး အလန်ရှီးယားကိုကျော်ဖြတ်ပြီး ရပ်တည်နိုင်မှာမို့ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD