AD
AD
AD

မန်ချက်စတာယူနိုက်တက်က အဲဗာတန်ကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ယူအသင်း ရရှိခဲ့တဲ့ ပယ်နယ်တီကို ပေါ့ဂ်ဘာက ကန်သွင်းခဲ့ပါတယ်။ ပယ်နယ်တီကန်သွင်းဖို့အတွက် ပေါ့ဂ်ဘာဟာ ဘောလုံးဆီကို သွားတဲ့အခါမှာ အများနဲ့မတူ တစ်မူထူးခြားတဲ့ ပုံစံနဲ့ သွားခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ ပေါ့ဂ်ဘာဟာ သူ့ရဲ့ ရိုးရွိုက်စ်ကားဆီကို သွားခဲ့တဲ့အခါမှာလည်း အဲဒီလိုပုံစံနဲ့ သွားခဲ့ပါတယ်။

play
Photo : Nairalistic.Com

 

ပယ်နယ်တီကို ပေါ့ဂ်ဘာ ကန်သွင်းခဲ့ရာမှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပေါ့ဂ်ဘာကပဲ အသာအယာလေး ပိတ်သွင်းယူခဲ့ပြီး အသင်းအတွက် ဂိုးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပယ်နယ်တီကန်သွင်းတဲ့ ပုံစံအပေါ်မှာ ဝေဖန်မှုတွေ ရှိနေခဲ့ပြီး ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

play
Photo : Sportbible

 

(၁၀)မီတာသာ သွားရမယ့် အကွာအဝေးကို ပေါ့ဂ်ဘာ သွားခဲ့တဲ့ နှုန်းက တာတိုအပြေးဘုရင် အူစိန်ဘော့ရဲ့ မီတာ (၁၀၀)ကို ပြေးနှုန်းထက်တောင် နိမ့်ကျနေခဲ့တယ်လို့ ခိုင်းနှိုင်းသုံးသပ်ခဲ့ကြပြီး လှောင်ပြောင်ခဲ့ကြပါတယ်။ သူ့ကို ဝေဖန်မှုတွေအပေါ်မှာ ပေါ့ဂ်ဘာက အရွဲ့တိုက်ခဲ့တာလား၊ နောက်ပြောင်ခဲ့တာလားလို့ ဝေခွဲရခက်အောင် ထပ်မံပြုမူခဲ့ပါတယ်။

 

သူ့ရဲ့ အင်စတာဂရမ်မှာ ပေါ့ဂ်ဘာက ရိုးရွိုက်စ်ကားဆီကို သွားနေတဲ့ ဗီဒီယိုဖိုင်ကို တင်ထားခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ပေါ့ဂ်ဘာဟာ ပုံမှန်လမ်းလျှောက်တဲ့အတိုင်းမသွားခဲ့ပဲ ပယ်နယ်တီကန်သွင်းဖို့ ပြုမူခဲ့တဲ့အတိုင်း သွားပြခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့ နေ့လည်က အဆိုပါ ဗီဒီယိုဖိုင်ကို တင်ထားခဲ့တာဖြစ်ပြီး "ကားဆီကို ဘယ်လိုသွားလဲ" လို့ Caption ရေးထားခဲ့ပါတယ်။

ဒီရာသီမှာတော့ ပေါ့ဂ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ပယ်နယ်တီ (၅)ကြိမ်ကန်သွင်းခဲ့ပြီး (၃)ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ကာ (၂)ကြိမ်လွဲချော်ခဲ့ပြီး လွဲချော်ခဲ့တဲ့ (၂)ကြိမ်က တစ်ကြိမ်ကိုတော့ ဂိုးအဖြစ် ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပယ်နယ်တီတွေကို ပေါ့ဂ်ဘာက တာဝန်ယူကန်သွင်းနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD