AD
AD
AD

တနင်္ဂနေနေ့ည ၁၀ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက လီဗာပူးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂီရော့ဒ်ကို အထောင်ထားပြီး ဟာဇက်ကို နောက်ချန်တိုက်စစ်အနေနဲ့ အသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။ လီဗာပူးအသင်းက မာနေး၊ ဖာမီနို၊ မိုဟာမက်ဆာလာ သုံးယောက်တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

play

 

ဘောလုံးပိုင်ဆိုင်မှုမှာတော့ လီဗာပူးအသင်းက အသာစီးရရှိခဲ့ပြီး ချယ်ဆီးအသင်းက တန်ပြန်တိုက်စစ်နဲ့ လီဗာပူးအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၃၂ မိနစ်မှာ ဗစ်တာမော့ဆက်စ်ရဲ့ပေးပို့မှုကို တိုက်စစ်မှူး ဂီရော့ဒ်က ခေါင်းတိုက်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်မြှင့်တင်ခဲ့ပြီး ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပြီး ချယ်ဆီးအသင်းရဲ့နောက်တန်းကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အပိုင်ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့ဂိုးသမား ကော်တိုရစ်က လီဗာပူးအသင်း ချေပဂိုး ရရှိစေမယ့် အပိုင်ကန်သွင်းမှုတွေကို ၂ ကြိမ်အထိ ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ထိပ်ဆုံးလေးနေရာအတွက် အိပ်မက်တွေ ပြန်လည်ရှင်သန်ခဲ့ရပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ်ဟာ ၂၀၁၅ ခုနှစ်ကနေ ယနေ့အချိန်အထိ ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂီရော့ဒ်ရဲ့ခေါင်းတိုက်သွင်းဂိုးအရေအတွက်ဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာရှိတဲ့ ကစားသမားတွေ အားလုံးထက် ပိုမိုတဲ့အရေအတွက်ဖြစ်ပြီး ၁၆ ဂိုးနဲ့ ခေါင်းတိုက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ခေါင်းတိုက်သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD