မန်ချီနီကို လက်စတာအသင်းက ကာလတိုခြောက်လစာချုပ်နဲ့ခေါ်ယူခဲ့တာပါ။

ပရီးမီးယားလိဂ်ဆိုတာ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားအားပေးကြည့်ရှုလေ့ရှိတဲ့ ဘောလုံးပြိုင်ပွဲပါ။ ပရီးမီးယားလိဂ်ပရိသတ်တွေဟာ ဘယ်ကစားသမားက ဘယ်အသင်းမှာကစားနေတာ၊ ဘယ်နည်းပြက ဘယ်အသင်းကိုကိုင်တွယ်နေတာ စတဲ့သတင်းအချက်အလက်တွေကိုလည်း သိကြပါတယ်။ လက်ရှိ ကစားနေတဲ့ ကစားသမားတွေအပြင် အနားယူသွားတဲ့ ကမ္ဘာကျော်ကစားသမားဟောင်းတွေကိုလည်း မမေ့ကြပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာကစားဖူးပြီး ကမ္ဘာကျော်ကစားသမားတွေဖြစ်ခဲ့ပေမယ့် ပရိသတ်တွေမမှတ်မိတော့တဲ့ ကစားသမားအချို့ရှိနေတယ်ဆိုရင် ယုံမလား….။

1115589603_740215_0000000001_noticia_grande.jpg

Photo: Who Ate All The Pies

 

ဖာနန်ဒို ဟီယာရို (စပိန်/ဘော်လ်တန်)

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ယောက်အဖြစ် စာရင်းဝင်ခဲ့သူပါ။ ရီးယဲလ်မက်ဒရစ်မှာ ၁၄နှစ်ကြာ ကစားခဲ့ပြီး ပွဲ ၅၀၀ အထိကစားပေးပြီးနောက်မှာ ပရီးမီးယားလိဂ်ကလပ် ဘော်လ်တန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၅နှစ်အရွယ်မှာ စပိန်ဂန္တဝင်ကစားသမားဟာ ဘော်လ်တန်မှာ ကစားသမားဘဝမနားခင် တစ်နှစ်ကစားခဲ့ပါတယ်။ ဒါပေမယ့် ဟီယာရို ပရီးမီးယားလိဂ်မှာကစားခဲ့ဖူးတာကို အခုအချိန်မှာ ပရိသတ်အတော်များများ မမှတ်မိကြတော့ပါဘူး။

Photo: Who Ate All The Pies

 

ဟီဒီတိုရှီ နာကာတာ (ဂျပန်/ဘောလ်တန်)

ကမ္ဘာ့ဘောလုံးလောကမှာ လူသိများခဲ့တဲ့ ဂျပန်ကမ္ဘာကျော်ကွင်းလယ်ကစားသမား နာကာတာကို ပရိသတ်တွေ သိကြမှာပါ။ သူလည်း ဘော်လ်တန်မှာ ကစားခဲ့ဖူးပါတယ်။ စီးရီးအေမှာအောင်မြင်မှုတွေဆက်တိုက်ရပြီးနောက် ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာ ဘော်လ်တန်နည်းပြ ဆမ်အလာဒွိုက်စ်က နာကာတာကိုခေါ်ယူခဲ့ပါတယ်။

လူကြိုက်များတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် နာကာတာဟာ ဘော်လ်တန်မှာတော့ ကံမကောင်းခဲ့ပါဘူး။ အသေးစားဒဏ်ရာပြဿနာတွေကြောင့် ရီးဘော့ခ်ကွင်းကြီးမှာ နာကာတာရဲ့အကောင်းဆုံးခြေစွမ်းကို ဘော်လ်တန်ပရိသတ်တွေမမြင်တွေ့ခဲ့ကြရပါဘူး။

မန်ယူမှာ ပွဲထွက်ခွင့်မရတဲ့ဘိုင်လေကို စပါးနဲ့ အာဆင်နယ် စောင့်ကြည့်နေ 

Photo: Who Ate All The Pies

ရောဘတ်တို မန်ချီနီ (အီတလီ/လက်စတာ)

မန်ချီနီကိုတော့ မန်စီးတီးနည်းပြအနေနဲ့ ပရိသတ်တွေအသိများကြပါတယ်။ သူ ပရီးမီးယားလိဂ်မှာ ဘောလုံးသမားအနေနဲ့ကစားခဲ့ဖူးတာကို သိပ်သတိမထားမိကြပါဘူး။

မန်ချီနီကို လက်စတာအသင်းက ကာလတိုခြောက်လစာချုပ်နဲ့ခေါ်ယူခဲ့တာပါ။ ထူးခြားဒါက အဲ့ဒီအချိန်မှာ မန်ချီနီက အသက် ၃၆နှစ်ရှိနေပြီး ကစားသမားဘဝက အနားယူပြီးနေပါပြီ။ လာဇီယိုမှာ နည်းပြ အဲရစ်ဆင်ရဲ့ လက်ထောက်အဖြစ်ဆောင်ရွက်နေတာပါ။ လက်စတာမှာ ပွဲတော့အများကြီးမကစားဖြစ်ခဲ့ပါဘူး။

Photo: Who Ate All The Pies

 

ဒီဒီယာဒက်ချမ့် (ပြင်သစ်/ချယ်လ်ဆီး)

နိုင်ငံလက်ရွေးစင်ပြင်သစ်အတွက် ကစားသမားရော၊ နည်းပြဘဝမှာပါ ကမ္ဘာ့ဖလားရယူပေးနိုင်သူပါ။ ပြင်သစ်အသင်းခေါင်းဆောင်အနေနဲ့ ကမ္ဘာ့ဖလားရယူအပြီးမှာ ဂျုဗင်တပ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ဒါပေမယ့်တစ်ရာသီတည်းပါ။ တစ်ရာသီအတွင်းမှာပဲ FA ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒက်ချမ့်ကစားခဲ့ဖူးတယ်ဆိုတာကို ချယ်လ်ဆီးအသင်းရဲ့ အမာခံပရိသတ်တွေတောင် ရေးတေးတေးဖြစ်နေနိုင်ပါတယ်။

Share

Loading Next Article...
က္က