ပရီးမီးယားလိဂ်ရဲ့ခံစစ်ဘုရင်ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်းပါဝင်လာပါပြီ။

တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတစ်ယောက် ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးနောက်ခံလူ ဂယ်ရီကာဟေးလ်ကို ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းက အံ့အားသင့်ဖွယ် စိတ်ဝင်စားနေပါတယ်။ ချယ်လ်ဆီးမှာနေရာပျောက်နေတဲ့ ဂယ်ရီကာဟေးလ်ကို စိတ်ဝင်စားနေတဲ့အသင်းက ရှက်ဖီးယူနိုက်တက်ပါ။

NINTCHDBPICT000435798218.jpg

Photo: The Sun

 

ချယ်လ်ဆီးကို နည်းပြသစ် ဆာရီရောက်ရှိလာပြီးနောက်ပိုင်းနေရာပျောက်နေတဲ့ အ၈ၤလန်နောက်ခံလူ ဂယ်ရီကာဟေးလ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ခံစစ်ဘုရင်ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းလည်း ပါဝင်လာပြီလို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသက်အငယ်ဆုံးစံချိန်တင်ခဲ့တဲ့ ဖူလ်ဟမ်ကစားသမား 

Photo: The Sun

 

အသက် ၃၂နှစ်အရွယ်ခံစစ်မှူးကို ကာဟေးလ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး၊ လစာတွေနဲ့ ကမ်းလှမ်းဖို့ ရှက်ဖီးယူနိုက်တက်က စီစဉ်နေပါတယ်။ ဒါပေမယ့် ထိပ်တန်းအဆင့်မှာရှိနေဆဲပဲလို့ ယုံကြည်နေတဲ့ ကာဟေးလ်ကတော့ အသင်းပြောင်းခဲ့မယ်ဆိုရင်တောင် ထိပ်တန်းအသင်းတစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

Photo: The Sun

 

လက်ရှိ မန်ယူနည်းပြ မော်ရင်ဟိုဟာ ကာဟေးလ်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ယိုင်နဲ့နေတဲ့အသင်းခံစစ်အတွက် ကာဟေးလ်ကို အမှတ်မထင်ခေါ်ယူနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ကာဟေးလ်ဟာ ဒီရာသီမှာ ဝက်စ်ဟမ်းနဲ့ပွဲတစ်ပွဲပဲ ၂၁မိနစ်ဝင်ကစားခွင့်ရခဲ့ပြီး ဒေးဗစ်လုဇ်၊ ရူဒီဂါတို့နောက်မှာ အရန်ကစားသာဖြစ်နေတဲ့အတွက် စိတ်ပျက်နေပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရှက်ဖီးယူနိုက်တက်က ကာဟေးလ်ကို ပွဲထွက်ခွင့်အပြင် အသင်းခေါင်းဆောင်ရာထူးကိုပါ ပေးအပ်ဖွယ်ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Share

Loading Next Article...
က္က