AD
AD
AD

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆမ်အလာဒိုက်စ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက အဲဗာတန်အသင်းက နည်းပြရာထူးကနေ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့ပြီးနောက် အဲဗာတန်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်ခွဲသက်တမ်းစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ချိန်က အဆင့် ၁၃ နေရာမှာ ရပ်တည်နေပေမယ့် ရာသီကုန်ချိန်မှာတော့ ဆမ်အလာဒိုက်စ်ဟာ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆမ်အလာဒိုက်စ်ဟာ အဲဗာတန်အသင်းကို စတင်ကိုင်တွယ်စဉ်က သူ့ရဲ့စီမံခန့်ခွဲမှုနဲ့ အသင်းရဲ့ကစားပုံ ကွဲလွဲနေတာကြောင့် ပရိသတ်တွေရဲ့အပြင်းအထန်ဝေဖန်မှုကို ခံခဲ့ရသဖြစ်ပြီး ဆမ်အလာဒိုက်စ်က ရေရှည်စီမံကိန်းလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

play

 

ယနေ့နေ့လယ်မှာ အဲဗာတန်အသင်းနဲ့ ဆမ်အလာဒိုက်စ်တို့ဟာ သဘောတူညီမှုအရ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့အမှုဆောင်အရာရှိချုပ် ဒီနီးစ်ဘားရတ်ဘာစန်ဒေးက ဆမ်အလာဒိုက်စ်ကို နှုတ်ဆက်စကားပြောကြားခဲ့ပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

"ဆမ်ဟာ ပြီးခဲ့တဲ့ရာသီ စိန်ခေါ်မှုတွေပြင်းထန်နေချိန်မှာ ကျွန်တော်တို့အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး တည်ငြိမ်အောင်လုပ်ပြီး ကျွန်တော်တို့ကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ အဲဒီလို လုပ်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ သူ့ကို အရမ်းကျေးဇူးတင်မိပါတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ အခု ဒီဆုံးဖြတ်ချက်ကို ချပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပေါ့။ ဒီနွေရာသီမှာ ကျွန်တော်တို့ နည်းပြသစ် ခန့်အပ်သွားမှာဖြစ်ပြီး လုပ်စရာရှိတာတွေကို ချက်ချင်း ပြန်လည်စတင်သွားမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD