AD
AD
AD
play

 

ပြီးခဲ့တဲ့ကြာသပတေးနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ ဆွမ်ဆီးအသင်းရဲ့ကစားသမားတွေ အချိန်ဆွဲနေတာကြောင့် ပွဲတာဝန်ရှိသူကို စောဒကတက်ခဲ့ပြီး ကွင်းလယ်ဒိုင်က ကွန်တီကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုဖို့ ညွှန်ကြားခဲ့ပါတယ်။

play

 

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး FA က ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီကို အရေးယူသွားမယ်လို့ သိရပြီး ကွန်တီအနေနဲ့ ကွင်းဘေးကနေ အသင်းကို ကြီးကြပ်ခွင့်ကိုတော့ ဆုံးရှုံးမှာတော့မဟုတ်ပါဘူး။ ကွန်တီအနေနဲ့ အရေးယူမှုကို လက်ခံခဲ့မယ်ဆိုရင် ဒဏ်ကြေးငွေ ပေါင် ၈၀၀၀ သာ ပေးဆောင်ရမှာဖြစ်ပါတယ်။ တကယ်လို့ အပြစ်ပေးအရေးယူမှုကို ငြင်းဆိုခဲ့မယ်ဆိုရင်တော့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ဒဏ်ကြေးငွေပမာဏ ပိုမိုတိုးမြှင့် ပေးဆောင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

play

 

ယင်းပွဲစဉ်နဲ့ပတ်သက်ပြီး ကွန်တီက "ပြိုင်ဘက်အသင်းက ကစားသမားတွေက အချိန်တွေဖြန်းတီးနေတာကို ကျွန်တော် တွေ့ခဲ့တယ်။ အဲဒါကြောင့် စတုတ္ထဒိုင်လူကြီးကို စကားနည်းနည်း ပြောခဲ့တာပါ"

"ဒါပေမယ့် အခြေအနေတွေ မပြောင်းလဲသွားခဲ့တာကို မမြင်တွေ့ခဲ့လိုက်ရဘဲ စတုတ္ထဒိုင်လူကြီးကို စိတ်ပျက်ခဲ့မိပါတယ်"

"အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စတုတ္ထဒိုင်လူကြီးနဲ့ ကွင်းလယ်ဒိုင်လူကြီးကို ကျွန်တော် တောင်းပန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဒေါသထွက်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကို တောင်းပန်တာဟာ မှန်ကန်တယ်လို့ ကျွန်တော် သိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

FA အနေနဲ့ နည်းပြကွန်တီကို အပြစ်ပေးအရေးယူထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာမယ့်ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီမတိုင်မီမှာ ပြန်လည်တုန့်ပြန်ဖို့ ပြောကြားထားပါတယ်။

Source & Photos: SkySport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD