AD
AD
AD

ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်အသင်းနဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ စတုတ်စီးတီးအသင်းကို ပင်နယ်တီပြစ်ဒဏ်ဘော ပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တဲ့ လန်ဇီနီကို FA က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

play

 

စတုတ်စီးတီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမပိုင်းပွဲကစားချိန် ၁၉ မိနစ်မှာ ဝက်စ်ဟမ်းအသင်းရဲ့တိုက်စစ်မှူး လန်ဇီနီကို စတုတ်စီးတီးအသင်းရဲ့ဘယ်နောက်ခံကစားသမား ပီရက်တာက ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ခဲ့ရာမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စတုတ်စီးတီးအသင်းရဲ့ နည်းပြ မာ့ခ်ဟုခ်ျက စွပ်စွဲခဲ့ပါတယ်။

play

 

ဒါကြောင့် FA အနေနဲ့ ယင်းပင်နယ်တီပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ခဲ့ပြီးနောက် လန်ဇီနီကို ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုတာပေါ်လွင်ခဲ့တဲ့အတွက် သုံးပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းဟာ ယင်းပွဲစဉ်မှာ လန်ဇီနီရဲ့ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကနေ အဖွင့်ဂိုး ရရှိခဲ့ပြီး အဝေးကွင်းမှာ စတုတ်စီးတီးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD