AD
AD
AD

အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံး ဖလားတစ်လုံးဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့စပါးအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ စနေနေ့ (ယနေ့)ည မြန်မာစံတော်ချိန် ၁၀း၄၅ မိနစ်မှာ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ယခုနှစ် ပရီးမီးယားလိဂ်မှာ  (၂) ကြိမ်တွေ့ဆုံမှုမှာတော့ တစ်သင်းနဲ့တစ်သင်း အပြန်အလှန် အနိုင်ရထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။  ဒါကြောင့်မို့ ဒီနှစ်သင်းရဲ့နောက်ဆုံးသော ဆုဖလားမျှော်လင့်ချက်အတွက် ကစားရမယ့် ပွဲစဉ်မတိုင်ခင်မှာ လေ့လာထားသင့်တဲ့ အချက်အလက်တွေနဲ့ အသင်းကိုယ်စီရဲ့ သတင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

play

 

ဒဏ်ရာရ/ပွဲပယ်

 

- မန်ယူအသင်းကတော့ ဒဏ်ရာအနာတရဖြစ်မှုမှာ ဂိုးသမား ရိုမဲရိုးတစ်ယောက်ပဲ ရှိပြီး အဓိကစားသမားအားလုံးဟာ ဒီပွဲစဉ်အတွက် အဆင့်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ လူကာကူ၊ မာတစ်တို့ဟာ ဘုန်းမောက်နဲ့ပွဲမှာ လူစားလဲလှယ်ဝင်ရောက်ခဲ့ပေမယ့် စပါးနဲ့ပွဲမှာတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

 

- စပါးအသင်းမှာလည်း ကွင်းလယ်လူ ဒယ်လီအလီ ပြန်လည်ပါဝင်လာမှာဖြစ်ပြီးတော့ ဘရီုက်တန်နဲ့ပွဲမှာ ကစားသမား (၆)နေရာအထိ ပြောင်းလဲခဲ့တဲ့ ပိုချက်တီနိုဟာ သူ့ရဲ့ အဓိကကစားသမားအစုံအလင်ကို ပွဲထုတ်လာဖွယ်လည်း ရှိနေပါတယ်။ ဒန်နီရို့စ် နဲ့ ဟယ်ရီဝင့်ခ် တို့ကတော့ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

play

 

အချက်အလက်/မှတ်တမ်း

 

- မန်ယူနဲ့စပါးကတော့ သမိုင်းတစ်လျှောက် ၁၈၈ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး မန်ယူအသင်းက ၈၉ ပွဲနိုင်ကာ စပါးက ၅၁ ပွဲအနိုင်ရပြီး ၄၈ ပွဲအထိ သရေကျခဲ့ပါတယ်။

 

- အက်ဖ်အေဖလား တွေ့ဆုံမှုမှာတော့ မန်ယူအသင်းက (၅)ပွဲနိုင်၊ စပါးက (၅)ပွဲနိုင်ပြီး (၅) ပွဲ သရေကျထားတာကြောင့် ဒီတစ်ခါတွေ့ဆုံမှုမှာ ဘယ်အသင်းက အသာစီးရမလဲဆိုတာ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။

 

- မန်ယူအသင်းကတော့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကို ၂၉ ကြိမ်မြောက် ကစားခဲ့ရတာဖြစ်ပြီးတော့ အာဆင်နယ်အသင်းရဲ့ စံချိန်နဲ့ တူညီနေခဲ့ပါတယ်။

 

play

 

- စပါးအသင်းဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ် နောက်ဆုံး (၇)ကြိမ်မှာ (၁)ပွဲသာ ရှုံးနိမ့်ထားတယ်လို့လည်း သိရပါတယ်။

 

- မန်ယူအသင်းဟာ သူတို့ရဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ် နောက်ဆုံး (၃)ပွဲမှာ (၂) ပွဲက ရှုံးနိမ့်ပြီးတော့ ထွက်ခွာခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်က အဲဗာတန်၊ ၂၀၁၁က မန်စီးတီးတို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

 

- မန်ယူကတော့ အက်ဖ်အေဖလားကို (၁၂) ကြိမ် ဆွတ်ခူးထားပြီး စပါးကတော့ (၈) ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။

 

- သူတို့နှစ်သင်း နောက်ဆုံး(၅)ကြိမ် တွေ့ဆုံမှုမှာတော့ စပါးအသင်းက (၃)ပွဲနိုင်ပြီး မန်ယူအသင်းက (၂)ပွဲ အနိုင်ရရှိထားပါတယ်။

play

 

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

မန်ယူ ၂-၁ စပါး

 

Source : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD