AD
AD
AD

လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ပေါ်တိုအသင်းနဲ့ပွဲစဉ်မတိုင်မီ မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်မှာ ကျန်ရှိနေသေးတဲ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 `

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူနိုင်တဲ့ နည်းလမ်းကို သိရှိခဲ့ပြီဖြစ်တဲ့ နည်းပြယာဂန်ကလော့ပ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကိန်းဂဏန်းတွေအတွက် ယှဉ်ပြိုင်ဖို့သက်သက်မဟုတ်ကြောင်း လုံလောက်တဲ့ သက်သေတစ်ခုဖြစ်ခဲ့ပြီဖြစ်ပါတယ်။

play

 

ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် ပေါ်တူဂီနိုင်ငံ မြောက်ပိုင်းကို ရောက်ရှိနေတဲ့ လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းအနေနဲ့ နောက်ဆုံး ၁၆ သင်းအဆင့်မှာ ရီးရဲမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတို့နဲ့ ကျရောက်နေတာကို စိတ်ပျက်ခြင်းမရှိဘဲ လီဗာပူးအသင်းအနေနဲ့ အကောင်းဆုံးပြိုင်ဘက်ဖြစ်နိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့အသင်းအနေနဲ့ သူတို့ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်တယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။ သူတို့ကို လိုက်ကြည့်နေစရာ မလိုပါဘူး"

"လက်ရှိအချိန် ဥရောပမှာ အတောင့်တင်းဆုံးအသင်းက မန်ချက်စတာစီးတီးဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့်အသင်းက သူတို့နဲ့ အမြင့်ဆုံးအဆင့်မှာ ၂ ခါတောင် ယှဉ်ပြိုင်ကစားပြီးသွားပါပြီ"

"ပီအက်စ်ဂျီအသင်းကတော့ နည်းနည်းတော့ ကွာခြားတယ်။ ဒါပေမယ့် သူတို့ကို ကျွန်တော် လိုက်ပြီးကြည့်မနေပါဘူး။ သူတို့ကိုလည်း ကျွန်တော့်အသင်းက ယှဉ်ပြိုင်နိုင်ပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့သာ ဆုံတွေ့ခဲ့မယ်ဆိုရင် သူတို့ကို အနိုင်ယူသွားမှာပါ။ ပရီးမီးယားလိဂ်မှာတုန်းက လုပ်ခဲ့သလိုပေါ့"လို့ ပြောကြားခဲ့ပါတယ်။

play

 

ယာဂန်ကလော့ပ်အနေနဲ့ ပေါ်တိုအသင်းဟာ ခက်ခဲတဲ့ပြိုင်ဘက်အသင်းဖြစ်ကြောင်း နားလည်ထားပြီး အထူးသဖြင့် ပေါ်တိုအသင်းရဲ့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲယှဉ်ပြိုင်သွားရမှာ မှန်ပေမယ့် လီဗာပူးအသင်းရဲ့အခိုက်အတံ့တစ်ခုလို့ ယုံကြည်နေပါတယ်။

"နောက်ဆုံး ၁၆ သင်းထဲမှာ လူတွေအားလုံး ပါဝင်စေချင်တဲ့ အသင်းကောင်းတွေ အများကြီးပါဝင်နေပြီး ကျွန်တော်တို့အနေနဲ့ ပါဝင်စေချင်တဲ့အသင်းတွေလည်း ပါဝင်နေပါတယ်"

"အဲဒါက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အခုအချိန်က ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကြီးရဲ့အစိတ်အပိုင်းတစ်ခုလောက်ပဲ မဟုတ်တဲ့အကြောင်းကို ပြသရမယ့်အချိန်ပါ။ ကျွန်တော်တို့ဟာ တော်တော်ရည်မှန်းချက်ကြီးကြပါတယ်။ အဲဒီလို ရည်မှန်းချက်ကြီးတာကြောင့် အလေးအနက်ထားပြီး ယှဉ်ပြိုင်သွားမှာပါ"

"အဲဒီခံစားချက်ဟာ ကွာခြားပြီး ခင်ဗျားအနေနဲ့ လစ်လျူမရှုသင့်ပါဘူး။ ပွဲအစမှာ ဖွင့်တဲ့သီချင်းကိုလည်း လစ်လျူမရှုသင့်ပါဘူး။ အဲဒီသီချင်းကို ခင်ဗျားကြားတဲ့အခါမှာ ခင်ဗျားအိမ်မှာထိုင်ပြီး စဉ်းစားနေလိမ့်မယ်။ ငါလည်း အဲဒါရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ချင်လိုက်တာဆိုပြီးတော့ပေါ့"

play

"ကျွန်တော်တို့ ကော်တင်ဟိုမပါဘဲ ချန်ပီယံလိဂ်ကို ဝင်ခွင့်ရခဲ့တယ်။ သူက ဟော့ဖန်ဟိမ်းအသင်းနဲ့ပွဲစဉ် နှစ်ပွဲစလုံးမှာ တစ်ပွဲမှ မပါဝင်ခဲ့ပါဘူး"

"ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ ကစားသမားတွေအားလုံးဟာ အရမ်းကို ထူးခြားဆန်းကြယ်တဲ့ကစားသမားတွေပါ။ တကယ်လို့ ခင်ဗျားက ကျွန်တော့်အသင်းနဲ့အတူ အဖြစ်ချင်ဆုံး ကြီးမားတဲ့ဆန္ဒတစ်ခုကို မေးလာခဲ့မယ်ဆိုရင် ကျွန်တော် ပြောတဲ့အတိုင်း ချက်ချင်းတော့ဖြစ်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါကို ပြသဖို့အတွက် ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD