AD
AD
AD

ယနေ့ည ၇ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ဟက်ဒါစ်ဖီးလ်တောင်းအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ စတားလင်း၊ ဂက်ဘရီရယ်ဂျီးဆပ်၊ ဆာနေးတို့နဲ့ လူစုံပွဲထွက်လာခဲ့ပြီး ပွဲစတင်ချိန်ကတည်းက ဟက်ဒါစ်ဖီးလ်အသင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာလည်း မန်ချက်စတာစီးတီးအသင်းက စိတ်ကြိုက်ဘောလုံးကို ထိန်းချုပ်ပြီး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်းမှာ လာရောက်ယှဉ်ပြိုင်ရတဲ့ ဟက်ဒါစ်ဖီးလ်အသင်းဟာ ယနေ့ပွဲစဉ်မှာ သရေ ၁ မှတ်ရရှိဖို့ အဓိကရည်ရွယ်ခဲ့တာတွေ့ရပြီး မန်ချက်စတာစီးတီးအသင်းရဲ့ဂိုးပေါက်ကို ၅ ကြိမ်သာ ကန်သွင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းကတော့ ဟက်ဒါစ်ဖီးလ်အသင်းရဲ့ဂိုးပေါက်ကို ၁၅ ကြိမ်အထိ ကန်သွင်းမှုပြုလုပ်ခဲ့ပြီး အမှန်တကယ် ဂိုးပေါက် တည့်ခဲ့တာ ၅ ကြိမ်သာရှိခဲ့ပါတယ်။ ယင်း ၅ ကြိမ်မှာ ၃ ကြိမ်ကို ဟက်ဒါစ်ဖီးလ်အသင်းရဲ့ဂိုးသမားက ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ ၂ ကြိမ်ကတော့ ထိရောက်တဲ့ကန်သွင်းမှု မဖြစ်ခဲ့ပါဘူး။

play

 

ဟက်ဒါစ်ဖီးလ်အသင်းဟာ ယနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဆီက ရရှိခဲ့တဲ့အဖိုးတန် သရေ ၁ မှတ်ကြောင့် တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၆ မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD