AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လာမယ့် ၄၈ ရာသီအတွင်း ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play
ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့တဲ့ ဖယ်လိုင်နီ

 

ဖယ်လိုင်နီဟာ မိမိရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ဆုံးဖြတ်ဖို့ဆန္ဒရှိနေတာဖြစ်ပြီး ဖယ်လိုင်နီကို အေစီမီလန်နဲ့ အခြား ပရီးမီးယားလိဂ်အသင်းတွေကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီကို ၁ နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆန္ဒရှိပါက နောက်ထပ် ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖယ်လိုင်နီဟာ အခြားအသင်းတွေရဲ့ အာမံချက်ရှိတဲ့ ၂ နှစ်သက်တမ်းစာချုပ်တွေကိုသာ ပိုမိုစိတ်ဝင်စားတာကြောင့် မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

play
ပွဲအပြီးပရိသတ်တွေကို နှုတ်ဆက်နေတဲ့ ဖယ်လိုင်နီ

 

ဖယ်လိုင်နီအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းရရှိလိုနေပြီး ပွဲထွက်ကစားသမားစာရင်းမှာ ပုံမှန်ပါဝင်ခွင့်အတွက် အာမခံချက်ပေးနိုင်တဲ့အသင်းကို ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။ ဖယ်လိုင်နီဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Photos: The Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD