AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းနဲ့အတူ လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ ဆက်ရှိနေမယ်လို့ ဖွင့်ဟပြောကြားလိုက်ပြီး စာချုပ်သစ်ပါအချက်အရ ဆန္ဒရှိပါက နောက်ထပ်အပိုတစ်နှစ် ထပ်မံနည်းပြခွင့်ရှိတယ်လို့ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသင်းရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး မော်ရင်ဟိုကို သွေးဆောင်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အလက်ဆစ်ဆန်းချက်ဇ်ကို အရခေါ်ယူနိုင်ခဲ့ပေမယ့် မော်ရင်ဟိုက မကျေနပ်နိုင်သေးဘဲ လာမယ့်နွေရာသီမှာ နောက်ထပ် ကစားသမား ၄ ဦးကို ငွေကြေးအမြောက်အမြားသုံးစွဲပြီး ခေါ်ယူပေးဖို့တောင်းဆိုခဲ့ပြီး မန်ယူအသင်းရဲ့ဒုဥက္ကဌဖြစ်တဲ့ အက်ဒ်ဝုဒ်ဝဒ်က မော်ရင်ဟိုရဲ့ဆန္ဒအတိုင်းဖြစ်စေရမယ်လို့ ကတိပေးခဲ့ကြောင်း The Sun သတင်းစာက ရေးသားထားပါတယ်။

play

 

မော်ရင်ဟိုရဲ့တောင်းဆိုချက်မှာ စာချုပ်သစ် ချုပ်ဆိုလိုပါက ကွင်းလယ်ကစားသမားတစ်ဦးနဲ့ နောက်ခံကစားသမား ၃ ဦးကို ခေါ်ယူပေးမယ့်အကြောင်း အာမခံပေးဖို့ ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ လက်ရှိ တိုက်စစ်မှာ ရွေးချယ်စရာတွေ ရှိလာတဲ့အတွက် ပျော်ရွှင်နေပေမယ့် ပုံစံကောင်း အမြဲတမ်းပြသနိုင်ခြင်းမရှိတဲ့ ပေါ့ဂ်ဘာနဲ့ အနားယူတော့မှာဖြစ်တဲ့ မိုက်ကယ်ကားရစ်တို့နဲ့ အပြောင်းအလဲပြုလုပ်ပြီး ထည့်သွင်းကစားနိုင်မယ့် ကွင်းလယ်ကစားသမားတစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။

play

 

နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြမော်ရင်ဟိုဟာ ခရစ်စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့ရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေခဲ့ပြီး ယင်းတို့နှစ်ဦးနေရာမှာ ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမား ရာဖေးလ်ဗာရာနီနဲ့ လက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားတို့ကို အစားထိုးဖို့ ဆန္ဒရှိနေတဲ့အပြင် နောက်ထပ် နောက်ခံကစားသမားသစ် တစ်ဦးကိုပါ ထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD