AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးဟာ လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေ ဖလားပွဲစဉ်အတွက် ပွဲထွက်ကစားသမားစာရင်းနဲ့ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုကို အကြံပြုစကား ပြောကြားခဲ့ပါတယ်။

play

play

 

BT Sports ရဲ့အားကစားဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးဟာ လူကာကူကို အလည်မှာထားပြီး တစ်ဖက်တစ်ချက်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလက အာဆင်နယ်အသင်းက ပြောင်းရွှေ့လာတဲ့ ဆန်းချက်ဇ်အစား မော်ရင်ဟိုအနေနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို ပွဲထွက်အသုံးပြုသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့ ဝင်ဘလေကွင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အက်ဖ်အေဖလားအကြို ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဆန်းချက်ဇ်ကို အရန်ခုံမှာသာ ထားထားသင့်ကြောင်း အကြံပေးခဲ့တာဖြစ်ပါတယ်။

play

play

"ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုက ဘာလဲဆိုတော့ လူကာကူနဲ့ တွဲကစားဖို့ ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာပဲလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို ကစားစေပြီး ဆန်းချက်ဇ်ကို အရန်ခုံမှာ ထားထားတာ ပိုကောင်းမယ်လို့ ထင်တာပဲ"

"သူ့ရဲ့ခြေစွမ်းက သိပ်မကောင်းသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူက ခန့်မှန်းရခက်တဲ့သူလို့ ထင်ပါတယ်။ ကျွန်တော်တို့အားလုံး သူ့မှာရှိတဲ့ ပါရမီကို သိကြတာပဲ"

"အာဆင်နယ်အသင်းမှာတုန်းက သူက အရမ်းကို အံ့အားသင့်လောက်တဲ့ခြေစွမ်းရှိခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းမှာတော့ သူအဲဒီလိုခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်ကို ရွေးချယ်တာ ပိုပြီးကောင်းတဲ့ရွေးချယ်မှုလို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD