အောက်မေ့ဖွယ်အခမ်းအနားအတွက် ပေါင် ၉သန်းအထိ အသုံးပြုခဲ့တာပါ။

PFA အဖွဲ့ရဲ့ ဘဏ္ဍာရေးဌာနခွဲဟောင်းတစ်ခုကို ရှင်းလင်းဖျက်သိမ်းခဲ့စဉ်တုန်းက ပေါင် ၁ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့ပြီး အဖွဲ့ဝင်အချို့ရဲ့ကိုယ်ပိုင်အကောင့်အတွက် သုံးဖြုန်းခဲ့တာကို Sportsmail က ထုတ်ဖော်ပြနိုင်တယ်လို့ ရေးသားထားပါတယ်။ အင်္ဂလန်ယူ-၂၁ အသင်းနဲ့ ဘော်တန်အသင်းရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ကစားသမားဟောင်း ဂျေလွိုက်ဆင်မြူရယ်ရဲ့အကြွေးတွေကို ကူညီဆပ်ပေးဖို့ ကျန်ရစ်သူ ဇနီးက PFA ကို အကူအညီတောင်းခဲ့ရာမှာ မမျှော်လင့်တဲ့တုံ့ပြန်မှုရရှိခဲ့တယ်လို့ သိရပါတယ်။

6445042-6411577-image-a-3_1542748528326.jpg

Photos: Daily Mail

ဆိုးရွားတဲ့ဘဏ္ဍာရေးဆိုင်ရာအကြံပေးမှုတွေနဲ့ ၎င်းတို့ရဲ့ဘဝတွေကို ဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့တယ်လို့ ဂျေလွိုက်ဆင်မြူရယ်က ပြစ်တင်ဝေဖန်ခဲ့တဲ့ PFA ရဲ့အမှုဆောင်အရာရှိချုပ် ဂေါ်ဒွန်တေလာဟာ ပြီးခဲ့တဲ့ညက သေနတ်နဲ့ တိုက်ခိုက်ခံရပြီး ဖိအားတွေ ပိုမိုပြင်းထန်လာပြီး Sportsmail သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

PFA ဘဏ္ဍာရေးစီမံခန့်ခွဲမှုကုမ္ပဏီလီမိတက်ကို ၂၀၀၉ ခုနှစ်မှာ ရှင်းလင်းဖျက်သိမ်းခဲ့ရချိန်တုန်းက ငွေထုတ်ပေးထားသူတွေကို ပေါင် ၁ သန်းကျော် ပေးချေဖို့ ကျန်ရှိခဲ့ပြီး ယင်းကျန်ရှိသူတွေထဲမှာ ကစားသမားဟောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့အကြံပေးမှုကြောင့် ဘောလုံးသမားတစ်ဦးဟာ ပေါင် ၈ သောင်းအထိ ဆုံးရှုံးခဲ့ရပြီး ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photos: Daily Mail

 

ဘော်လ်တန်၊ အက်စ်တွန်ဗီလာ၊ ကာဒစ်စီးတီးအသင်းတို့မှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ကွယ်လွန်သွားတဲ့ ဂျေလွိုက်ဆင်မြူရယ်ဟာ သေဆုံးချိန်မှာ PFA ဘဏ္ဍာရေးစီမံခန့်ခွဲမှုလီမိတက်ကြောင့် ဘဏ်အကောင့်ထဲမှာ ပေါင် ၂၀၀၀ သာကျန်ရစ်ခဲ့တဲ့အတွက် အသုဘစရိတ် မလုံလောက်သလို အိမ်ငှားခပေးဖို့လည်း အချိန်လွန်ပြီးအကြွေးများစွာတင်ခဲ့တယ်လို့ ကျန်ရစ်တဲ့ ဇနီးဖြစ်သူ အမ်မာပရစ်ချက်က ပြောကြားခဲ့ပါတယ်။

အမ်မာပရစ်ချက်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က PFA ကို အကူအညီတောင်းဖို့ မျှော်လင့်တကြီးသွားရောက်ခဲ့ရာ ဂေါ်ဒွန်တေလာက ဝမ်းနည်းကြောင်း စာတစ်စောင်ပေးပို့ခဲ့ပြီး မိသားစုရဲ့ လိုအပ်ချက်ဘာတွေရှိလဲလို့ မေးမြန်းခဲ့ပါတယ်။ အမ်မာပရစ်ချက်ဟာ ဝမ်းနည်းပူဆွေးနေရတဲ့အချိန်ဖြစ်ပေမယ့် မိသားစုရဲ့အခြေအနေအရ သတင်းအချက်အလက်နဲ့ ထောက်ပံ့မှုလိုအပ်တဲ့အရာအားလုံးအတွက် အကူအညီတောင်းဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail

 

အမ်မာပရစ်ချက်ဟာ နောက် ခြောက်လအထိ ၎င်းနဲ့ ၎င်းရဲ့သားသမီးတွေအနေနဲ့ ဖြစ်လာတဲ့အဖြစ်အပျက်တွေနဲ့ ဝမ်းနည်းပူဆွေးဖို့အတွက် ပေါင် ၇ သောင်းအထိ လိုအပ်တယ်လို့ သိခဲ့ရပါတယ်။

"ကျွန်မတို့ကို PFA အနေနဲ့ ကာလရှည် ထောက်ပံ့မှုတွေ ပေးနိုင်မှာမဟုတ်ဘူးဆိုတာ သိခဲ့ရပေမယ့် ပြီးခဲ့တဲ့ခြောက်လကတော့ တော်တော်လေး ပြင်းထန်တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ သူတို့က ပေါင် ၁၁၀၀၀ ပဲ ပေးနိုင်မယ်လို့ စာပြန်ရေးခဲ့ပြီး သူတို့ရဲ့ပေးနိုင်တဲ့ အများဆုံးပမာဏလို့ ပြောခဲ့ပါတယ်"

"ကျွန်မတို့ဟာ ငယ်ရွယ်တဲ့အရွယ်မှာပဲ ကံဆိုးမိုးမှောင်ကျပြီး ဒီနှစ်အတွင်းမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေ ဘယ်နှယောက်လောက်အထိ ကွယ်လွန်ခဲ့ပါလိမ့်ဆိုပြီး အံ့အားသင့်ပြီး ကျန်ခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

PFA ဟာ ဂျေလွိုက်ဆင်မြူရယ် သေဆုံးမှုအတွက် အောက်မေ့ဖွယ်အမှတ်တရအခမ်းအနားကို ပေါင် ၉ သန်းအထိ အကုန်အကျခံပြုလုပ်ခဲ့ပေမယ့် PFA ရဲ့မှားယွင်းတဲ့ ဘဏ္ဍာရေးအကြံပြုချက်တွေကြောင့် ပိုက်ဆံများစွာဆုံးရှုံးပြီး ကွယ်လွန်ချိန်မှာ အကြွေးများစွာချန်ထားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးရဲ့ ဇနီးဖြစ်သူ မုဆိုးမနဲ့ ဖတဆိုးသားသမီးတွေအတွက်တော့ ပေါင် ၁၁၀၀၀ သာ ထောက်ပံ့ခဲ့တာဟာ ငါးပွက်ရာငါးစာချနေတဲ့လုပ်ငန်းတစ်ခုဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က