AD
AD
AD

လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းက ဝယ်ယူထားတဲ့ ဗန်ဒိုက်၊ မာနေး၊ လော့ဗ်ရန်၊ ကလိုင်း၊ လယ်လာနာတို့ကို ခေါ်ယူခဲ့စဉ်က စာချုပ်ထဲမှာ ထည့်သွင်းခဲ့တဲ့အချက်အရ ဆောက်သမ်တန်အသင်းကို ပေါင် ၁၀ သန်းခန့်ပေးချေရဖွယ်ရှိနေပါတယ်။

play

 

ပြီးခဲ့တဲ့ဇန်နဝါရီလက ဆောက်သမ်တန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ရဲ့ အပြောင်းအရွှေ့သဘောတူညီမှုမှာ လီဗာပူးအသင်းအနေနဲ့ ဗန်ဒိုက်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ၅ နှစ်ခွဲအတွင်း အောင်မြင်မှုတစ်စုံတစ်ရာရရှိခဲ့မယ်ဆိုရင် ဆောက်သမ်တန်အသင်းကို ပေါင် ၅ သန်း ပေးချေရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။

play

play

 

လီဗာပူးအသင်းကဟာ မာနေးကို ၂၀၁၆ ခုနှစ်က ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပြီး၊ ကလိုင်းကို ၂၀၁၅ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၂.၅ သန်း၊ ၂၀၁၄ ခုနှစ်မှာ လယ်လာနာကို ပေါင် ၂၅ သန်း၊ လော့ဗ်ရန်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့အတွက် အပိုဆုကြေးငွေအနေနဲ့ ဆောက်သမ်တန်အသင်းကို အနည်းဆုံး ပေါင် ၁၅ သန်းအထိ ပေးချေရဖို့ ရှိနေတာဖြစ်ပါတယ်။

play

 

ဆုကြေးငွေမှာ တခြားသော စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ အချက်တွေလည်း ပါဝင်နေပြီး လီဗာပူးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့တာကြောင့် ဆုကြေးငွေ၊ ရုပ်သံထုတ်လွှင့်ခ စုစုပေါင်း ပေါင် ၆၉ သန်းအထိရရှိနေပြီဖြစ်ပါတယ်။

play

 

ဒ့ါအပြင် လီဗာပူးအသင်းဟာ ကိဗ်မြို့ ဗိုလ်လုပွဲစဉ်မှာ အောင်မြင်မှု ထပ်မံရရှိခဲ့မယ်ဆိုရင် နောက်ထပ် ပေါင် ၄ သန်းနဲ့ ရှပ်စပွန်ဆာ စတန်းဒက်ချာတာ၊ ဘောလုံးအသုံးအဆောင်စပွန်ဆာ နယူးဘဲလန့်စ်၊ ရှပ်လက်ရှည်စပွန်ဆာ ဝက်စ်တန်ယူနီယံ စတဲ့ စပွန်ဆာတွေဆီကနေ စီပွားရေးသဘောတူညီမှုအရ ဆုကြေးငွေတွေ ထပ်မံရရှိဦးမှာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ကစားသမားတွေအနေနဲ့လည်း ရီးရဲမက်ဒရစ်အသင်းကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် တစ်ဦးချင်းစီအတွက် ဆုကြေးငွေ ပေါင် ၇ သိန်းခွဲစီ ရရှိမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD