AD
AD
AD

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ၂၀၁၇-၂၀၁၈ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့အပိတ်ပွဲစဉ်အဖြစ် ပွဲစဉ် ၁၀ ပွဲအထိ တစ်ချိန်တည်း ကစားသွားဖို့ရှိနေပြီး ချယ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ထိပ်ဆုံးလေးနေရာမှာ ရပ်တည်နိုင်ဖို့အတွက် သက်ဆိုင်ရာပွဲစဉ်အသီးသီးမှာ အနိုင်ရလဒ်ကို ရရှိဖို့ လိုအပ်နေပါတယ်။

play

 

လီဗာပူးအသင်းဟာ လက်ရှိအချိန် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရမှတ် ၇၂ မှတ်နဲ့ ရပ်တည်နေပြီး ချယ်ဆီးအသင်းက အဆင့် ၅ နေရာမှာ ရမှတ် ၇၀ နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ယနေ့ညမှာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်ဆီးအသင်းက နယူးကာဆယ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 

လီဗာပူး Vs ဘရိုက်တန်

play

 

လီဗာပူးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ နောက်ဆုံးတွေ့ဆုံထားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ လီဗာပူးအသင်းက ၅ ပွဲအထိ အနိုင်ရရှိထားပြီး ၁ ပွဲသရေကျထားပါတယ်။ ယင်း ၆ ပွဲမှာ လီဗာပူးအသင်းသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ဟာ ၂၂ ဂိုးအထိ ရှိနေခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၃.၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ လီဗာပူးအသင်းကို အန်းဖီးမှာ နောက်ဆုံးအနိုင်ရရှိခဲ့တာကတော့ ၁၉၈၃ ခုနှစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကနေ ယနေ့အချိန်အထိ ဘရိုက်တန်အသင်းဟာ အန်းဖီးကွင်းမှာ တစ်ခါမှအနိုင်မရခဲ့ဘဲ ၂ ပွဲရှုံး ၁ ပွဲသရေရလဒ်သာ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ယနေ့ညပွဲစဉ်မှာ လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ အမှားအယွင်းမရှိဘဲ အနည်းဆုံး ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ သက်တောင့်သက်သာအနိုင်ယူသွားဖွယ်ရှိပါတယ်။

 

နယူးကာဆယ် Vs ချယ်ဆီး

play

 

နယူးကာဆယ်အသင်းဟာ ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ နောက်ဆုံးလက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ ၄ ပွဲမှာ တစ်ပွဲမှ ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ၃ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ချယ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ရာသီပိတ်ပွဲစဉ်မှာ ၃ ကြိမ်မြောက်တွေ့ဆုံနေတာဖြစ်ပြီး ရာသီပိတ်ပွဲစဉ်မှာ အများဆုံးတွေ့ဆုံထားတာကတော့ ချယ်ဆီးနဲ့ အဲဗာတန်အသင်းတို့ဖြစ်ပြီး ၄ ကြိမ်အထိ တွေ့ဆုံထားတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့နည်းပြ ဘင်နီတက်ဇ်ဟာ သူ ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေနဲ့ ပြန်လည်တွေ့ဆုံတိုင်း တစ်ခါမှ အနိုင်မရသေးဘဲ လီဗာပူးအသင်းကို ၃ ပွဲသရေ ၁ ပွဲရှုံး၊ ချယ်ဆီးအသင်းကို ယခုရာသီ ပထမအကျော့တွေ့ဆုံခဲ့စဉ်က ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဂီရော့ဒ်ဟာ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရတဲ့ပွဲစဉ် ၉ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာရှိတဲ့ ကစားသမားတွေအားလုံးထက် ပိုမိုသွင်းယူထားတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ ၄ ကြိမ်မှာ တစ်ပွဲမှ ရှုံးနိမ့်ထားခြင်းမရှိဘဲ ၃ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ယနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် နယူးကာဆယ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ကြားက ကိန်းဂဏန်းအချက်အလက်တွေအရ ချယ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းရဲ့အိမ်ကွင်းမှာ ရုန်းကန်ရဖွယ်ရှိနေပြီး အနိုင်ရခဲ့မယ်ဆိုရင်တောင် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အနိုင်ရသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD