AD
AD
AD

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တွေ့ဆုံမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ဗိုလ်စွဲဖို့ လုံးဝ ရေပန်းမစားဘူးလို့ နည်းပြဇီဒန်းက ပြောကြားလိုက်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အသလက်တီကိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ -၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကလည်း ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ကျော်ဖြတ်ပြီး သုံးနှစ်အတွင်း နှစ်ကြိမ်မြောက် ဗိုလ်လုပွဲ ရောက်လာတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ဖြစ်တဲ့အတွက် ချန်ပီယံဘွဲ့ ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာတော့ အသင်းတစ်သင်းက နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲဖူးတာမျိုး မရှိသေးလို့ ရီးရဲလ်မက်ဒရစ်က စံချိန်တင်နိုင်တဲ့အခွင့်အရေး ရှိနေတာပါ။

play
အသင်းဟောင်းကိုပြန်ရင်ဆိုင်မယ့် ဇီဒန်း

 

ဒါပေမယ့်လည်း ဂျူဗင်တပ်နဲ့ တွေ့တဲ့အခါမှာတော့ ရီးရဲလ်က ရေပန်းမစားတဲ့အသင်းလေး ဖြစ်သွားပြီလို့ နည်းပြဇီဒန်းက ပြောတာဖြစ်ပါတယ်။ " ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ရေပန်းစားတဲ့အသင်းမဟုတ်ပါဘူး။ ဂျူဗင်တပ်လို အသင်းမျိုးကို ဂိုးသွင်းရတာ မလွယ်ကူလှပါဘူး။ သူတို့ရဲ့အားသာချက်က ခံစစ်ချည်းပဲလို့ ထင်နေရင် မှားသွားပါတယ်။ ဂျူဗီကစားသမားတွေက တိုက်စစ်လည်းထက်မြက်သူတွေပါ" လို့ အသလက်တီကိုအသင်းနဲ့ ပွဲအပြီးမှာ ဇီဒန်းက ပြောပါတယ်။

play
ဗိုလ်လုပွဲ တက်လာသည့် ဂျူဗင်တပ်

 

ဇီဒန်းဟာ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်လို့ အသင်းဟောင်းကို ပြိုင်ဘက်နည်းပြအဖြစ် ပြန်လည် ရင်ဆိုင်ရမှာကဖြစ်ပါတယ်။ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ဂျူဗင်တပ်ဟာ မိမိ အသည်းနှလုံးထဲမှာ အခုထိ ရှိနေသေးကြောင်းနဲ့ ဂျူဗီနဲ့ ရီးရဲလ်နှစ်သင်းလုံး ဗိုလ်လုပွဲရောက်ဖို့ ထိုက်တန်ကြောင်း သုံးသပ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန်က ကာဒစ်ထောင်စုနှစ်ကွင်းကြီးမှာ ဇွန်လ ၃ ရက်နေ့ ရောက်ရင် ကျင်းပမှာ ဖြစ်ပါတယ်။

play
အသလက်တီကို ၂-၁ ရီးရဲလ်က်မက်ဒရစ်ပွဲမှာ တွေ့ရသည့် ရီးရဲလ်အသင်း

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD