AD
AD
AD

ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီးတဲ့အခါ နောက်ခံကစားသမား အဲဗလ်စ်ဟာ ကလပ်အသင်းတွေနဲ့ ရရှိတဲ့ ဆုတံဆိပ် ၃၂ ခုရှိလာခဲ့ပြီဖြစ်ပါတယ်။

 

ရရှိထားတဲ့ ဆုတံဆိပ် ၃၂ ခုထဲမှာ သူ့ရဲ့တစ်ကိုယ်ရည်အောင်မြင်မှု ဆုတံဆိပ်၊ နိုင်ငံအသင်းနဲ့ ရတဲ့ ဆုတံဆိပ်တွေ မပါဝင်သေးပါဘူး။ ဘာစီလို ကစားသမားဟောင်းလည်းဖြစ်တဲ့ ညာနောက်ခံကစားသမား အဲလ်ဗက်စ်ဟာ ဂျူဗင်တပ်အသင်းနဲ့ စကူဒက်တိုဖလား ရရှိခဲ့ပြီးတဲ့နောက် ကမ္ဘာ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေထဲ တတိယမြောက် ဆုတံဆိပ်အများဆုံး ရရှိထားတဲ့ ကစားသမား ဖြစ်လာပါတယ်။

play

 

ညာနောက်ခံကစားသမား အဲလ်ဗက်စ်ဟာ ဖလား ၃၂ လုံး ရရှိခဲ့ပြီးနောက် မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျနဲ့ စံချန်တူညီသွားခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျကလည်း အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ ၊ အေစီမီလန်၊ အေဂျက်ဇ်အသင်းတို့မှာ ကစားပြီး ဖလား ၃၂ လုံးရရှိခဲ့တာဖြစ်ပါတယ်။ အဲလ်ဗက်စ်ကတော့ ဘာဟီယာ၊ ဆီဗီးလ်၊ ဘာစီလိုနာနဲ့ အခု ဂျူဗင်တပ်အသင်းတို့မှာ ကစားပြီး ဖလား ၃၂ ခုရရှိလာခဲ့တာဖြစ်ပါတ်။

play

 

အဲလ်ဗက်စ်နဲ့ အီဘရာဟီမိုဗစ်ခ်ျထက် ပိုပြီးဖလားအောင်မြင်မှု ပိုရထားတဲ့သူက ရော်နယ်ဒိုလည်း မဟုတ်သလို၊ မက်ဆီလည်း မဟုတ်ပါဘူး။ မန်ယူအသင်း ဂန္တဝင်ကစားသမား ရွိုင်ယန်ဂစ်က သူရဲ့ကစားသမားဘဝ စုစုပေါင်း ဖလား ၃၅ လုံးရရှိထားသူဖြစ်လို့ နံပတ်-၂ နေရာမှာ ရှိနေတာပါ။ ရွိုင်ယန်ဂစ်ထက် ဖလား အောင်မြင်မှု ပိုရထားတဲ့သူကတော့ ဘရာဇီး ဘယ်နောက်ခံ ကစားသမား မက်စ်ဝဲလ်ဖြစ်ပါတယ်။

play
ရွိုင်ယန်ဂစ်

 

မက်စ်ဝဲလ်က ခရူဇီယို၊ အေဂျက်ဇ်၊  အင်တာမီလန်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့ပြီးနောက် စုစုပေါင်း ဖလား ၃၆ ကြိမ်ရရှိခဲ့ာဖြစ်ပါတယ်။

play
ပီအက်စ်ဂျီအသင်းကစားသမား မက်စ်ဝဲလ်

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD