AD
AD
AD

လာလီဂါနောက်ဆုံးပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အမှားအယွင်းမရှိ ရာသီသိမ်းပြီး အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ပါပြီ။ ရီးရဲလ်မက်ဒရစ်က ငါးနှစ်အတွင်း ပထမရဆုံးအကြိမ်  လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဘာစီလိုနာကတော့ သုံးနှစ်ဆက်တိုက်ချန်ပီယံ ဖြစ်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

 

ဒီရာသီမှာ ဘာစီလိုနာအသင်း ချန်ပီယံဆုနဲ့ လွဲရတဲ့ အဓိက အကြောင်းပြချက် (၅) ခုရှိပါတယ်။

 

၁။ လူသစ်များ အံမဝင်သေးခြင်း

play

 

ကစားသမားခြောက်ဦးကို ရာသီအစမှာ ဘာစီလိုနာ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အမ်တီတီ တစ်ယောက်ကလွဲလို့ ကျန်တဲ့ကစားသမားတွေဟာ အသင်းအတွက် ပွဲထွက်ခွင့်ရတောင် သိပ်မရခဲ့ကြပါဘူး။ စီလက်ဆန်ဆိုရင်လည်း ပွဲထွက်ခွင့်တောင် မရသလောက်ရှားပါးခဲ့ပါတယ်။ ဂိုမက်ဇ်၊ အယ်လ်ကာဆာ စတဲ့ ကစားသမားတွေဆိုရင် ဒီရာသီမှာ အသင်းနဲ့ ခြေစွမ်းဘယ်လိုမှ အံမဝင်လို့ အဆင်မပြေခဲ့ကြပါဘူး။

 

၂။ MSN ကို အလွန်အားကိုးခြင်း

play

 

အရန်ကစားသမားတွေ အံမဝင်တဲ့အတွက် ဘာစီလိုနည်းပြ အင်းနရစ်ဟာ MSN တိုက်စစ်ကိုသာ အလွန်အကျွံအားပြုခဲ့ရပါတယ်။ ပြဿနာက ဒီတိုက်စစ်သုံးဦး ခြေစွမ်းမပြနိုင်တဲ့အချိန်နဲ့ ပွဲပယ်ဒဏ်ရာရတဲ့ အချိန်တွေမှာ ရလဒ်ကောင်းဖို့ ရုန်းကန်ရတော့တာပါပဲ။  မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ သုံးဦးဟာ ကွင်းလယ်ရဲ့ ပံ့ပိုးမှု သိပ်မရခဲ့တာလည်း အဓိက အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

 

၃။ စိတ်ပြင်းပြမှု မရှိခြင်း

play

 

ဘာစီလိုနာအသင်းသားတွေဟာ ဒီနှစ်မှာ အရင်နှစ်ကလောက် ချန်ပီယံဖြစ်ဖို့ စိတ်ဓာတ်မပြင်းပြခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဘာကို ကြည့်ပြီး ပြောနိုင်သလဲဆိုရင် အသင်းငယ်တွေနဲ့ တွေ့ရာမှာ ဘာစီလိုနာ ရလဒ်မကောင်းခဲ့တာကို ကြည့်ပြီးပြောနိုင်တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတွေ့မှာ နှစ်ကျော့လုံး ရလဒ်ကောင်းခဲ့တယ်ဆိုနိုင်ပေမယ့် ဒီပို့တီပို၊ မာလာဂါ၊ ဆယ်လ်တာဗီဂိုစတဲ့အသင်းတွေနဲ့ အတွေ့မှာ အမှတ်ဆုံးရှုံးခဲ့လို့ ပေးဆပ်ခဲ့ရတာ ဖြစ်ပါတယယ။်

 

၎။ ညာနောက်ခံလိုအပ်ခြင်း

play

 

ဂျူဗင်တပ်ရောက်သွားတဲ့ အဲလ်ဗက်စ်ရဲ့ ညာနောက်ခံနေရာကို သေသေချာချာမဖြည့်တင်းနိုင်ခဲ့တာ အမှားတစ်ခုပါ။ အစက ကွင်းလယ်ကစားသမားဖြစ်တဲ့ ဆာဂျီယိုရောဘတ်တိုက ခံစစ်ကစားတာလည်း ရတယ်ဆိုပြီး အဲလ်ဗက်စ်ရဲ့နေရာကို ဝင်ကစားခိုင်းပါတယ်။ ထင်သလောက်အဆင်မပြေခဲ့ပါဘူး။ အဲလ်ဗက်စ်က over-lap လုပ်ပြီး ရှေ့ကိုတက်ကာ ဂိုးဖန်တီးပေးမှုတွေလုပ်သလို ရောဘတ်တို မလုပ်နိုင်ခဲ့ပါဘူး။

 

၅။ ကွင်းလယ် အားနည်းချက်

play

 

နှစ်ပေါင်းများစွာတိုင်အောင် ဘာစီလိုနာက အတောင့်တင်းဆုံးကွင်းလယ်နဲ့ ရှိလာခဲ့တာပါ။ ဘက်စ်ကွက်၊ အင်နီယေစတာ၊ ဇာဗီတို့ရဲ့ အင်အားနဲ့ ဖြစ်ပါတယ်။ အခုတော့ ဇာဗီလည်းမရှိတော့သလို အင်နီယစေတာကလည်း ဒဏ်ရာနဲ့ ရုန်းကန်နေရပါတယ်။ ကွင်းလယ်က တိုက်စစ်ကို ကောင်းကောင်းမပံ့ပိုးပေးနိုင်ခဲ့တာကလည်း အားနည်းချက်တစ်ခုဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD