AD
AD
AD

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ မူဝါဒကို ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက စိတ်ပျက်လျက်ရှိနေတယ်လို့ သိရပါတယ်။

 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် ပွဲအပြီးအင်တာဗျူးမှာ ရော်နယ်ဒိုက အသင်းရဲ့  ကစားသမားအပြောင်းအရွှေ့မူဝါဒကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အဓိက ကစားသမားအချို့ကိုထွက်ခွာခွင့်ပြုခဲ့ပြီး လူငယ်တွေနဲ့ ပြန်လည်အစားထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြန်လည်အစားထိုးထားတဲ့လူငယ်တွေဟာ ငယ်ရွယ်လွန်းနေသေးလို့ ပထမဆုံးရာသီမှာ အသားမကျ ဖြစ်ရတယ်လို့ ရော်နယ်ဒိုက ပြောတာဖြစ်ပါတယ်။

play

 

“ အသင်းတိုင်းလိုလို တစ်ချိန်တော့ အဓိက ကစားသမားတွေကို လက်လွှတ်ရမှာပါပဲ။ (ပြီးခဲ့တဲ့ နွေရာသီမှာ) ကျွန်တော်တို့ မိုရာတာ၊ ပေပေ၊ ဂျိမ်းစ် စတဲ့ ကစားသမားကောင်းတွေကို လက်လွှတ်ခဲ့ရတယ်။ သူတို့ဟာ အသင်းကို ပိုပြီးအင်အားကောင်းအောင် လုပ်ပေးသူတွေပါ” လို့ ရော်နယ်ဒိုက ပြောပါတယ်။

“ ဒီလိုပြောလို့ အခုကစားသမားသစ်တွေက မကောင်းဘူးပြောတာမဟုတ်ပါဘူး။ သူတို့က နည်းနည်းငယ်ပါသေးတယ်။ သူတို့ဟာဒီအရွယ်မှာ ကျွန်တော်တို့နဲ့ ပထမဆုံးရာသီကို ဖြတ်သန်းနေရတယ်” လို့ ရော်နယ်ဒိုက ဆက်ပြောပါတယ်။

play

 

အသင်းနဲ့ လေးနှစ်စာချုပ်သစ်ချုပ်ထားတဲ့ ရော်နယ်ဒိုက ဒီစာချုပ်ကို ထပ်တိုးဖို့၊ ဒါမှမဟုတ်စာချုပ်သစ်ထပ်ချုပ်ဖို့ အစီအစဉ်မှရှိဘူးလို့လည် ပွဲအပြီးမှာပြောပါတယ်။ ရော်နယ်ဒိုရဲ့ ဒီအဖြေကြောင့် သူအသင်းက ထွက်ဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ရေးသားနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD