AD
AD
AD

စပါးအသင်းရဲ့ နည်းပြပွန်ချက်တီနိုက တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ အင်္ဂလန်အသင်းအတွက် အဆင်သင့်ဖြစ်နေပေမယ့် ဟယ်ရီဝင်းကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းအနေနဲ့ ဂျာမနီ၊ဘရာဇီးအသင်းတို့နဲ့ ခြေစမ်းမယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ဟယ်ရီကိန်းနဲ့ ဟယ်ရီဝင်းတို့ကိုထည့်သွင်းထားပေမယ့်လည်း ဟယ်ရီဝင်းအနေနဲ့ ပြီးခဲ့တဲ့ ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရွေးစင်အသင်းအတွက် မသေချာတော့တာလည်း ဖြစ်ပါတယ်။

play

 

"နိုင်ငံအသင်းရဲ့ လိုအပ်ချက်ကို ကျွန်တော်နားလည်ပါတယ်။အရေးကြီးဆုံး အပိုင်းကတော့အင်္ဂလန်အသင်းရဲ့ လူစာရင်းပါပဲ။ကစားသမားတွေက အသင်းကို ကူညီချင်နေကြပါတယ်။ဒါပေမယ့်လည်း ခရစ္စမတ်ကာကလည်း ရှိနေပြန်ပါတယ်။

 

ကိန်းကို ကျွန်တော် ၇၆ မိနစ်မှာ အနားပေးခဲ့တာ ဒဏ်ရာကြောင့် မဟုတ်ပါဘူး။သူအရမ်းကို ပင်ပန်းနေပါပြီ။ဒါပေမယ့် နိုင်ငံအသင်းအတွက်တော့ သူပေးဆပ်နိုင်ပါတယ်။" လို့ ပွန်ချက်တီနိုက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒယ်အလီကို လက်လွှတ်ထားရသလို ဟယ်ရီဝင်းကိုလည်းထပ်မံ လက်လွှတ်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရတလည်း ဖြစ်ပါတယ်။

စပါးအသင်းနည်းပြကတော့ ဒယ်အလီကို နိုင်ငံတကာပွဲတွေအပြီး ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းနဲ့ပွဲအမီ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD