AD
AD
AD
play

 

ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမား ရာမို့စ်ဟာ ယခုနှစ်နွေရာသီက ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာကို ရီးရဲမက်ဒရစ်အသင်းမှာ လာရောက်ကစားမယ်ဆိုရင် ကြိုဆိုနေမယ်လို့ ပြောကြားလိုက်ပါတယ်။

play

 

ပြင်သစ်က ကြားသိရတဲ့သတင်းများအရ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရပါတယ်။

play

 

ရီးရဲယ်မက်ဒရစ်အသင်းခေါင်းဆောင်ရာမို့စ်က နေမာလို ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် ရီးရဲမက်ဒရစ်အသင်းက အမြဲတမ်း တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

play

 

“ကျွန်တော့်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းမှာ အကောင်းဆုံးကစားသမားတွေကိုပဲ ရှိစေချင်ပြီး နေမာဟာ သူတို့တွေထဲကတစ်ဦး အပါအ၀င် ဖြစ်ပါတယ်။ ဘာစီလိုနာကနေ ရီးရဲမက်ဒရစ်ကို တိုက်ရိုက်ပြောင်းတာထက် ပီအက်ဂျီအသင်းကို ပြောင်းလိုက်တာက သူ့အတွက်ပိုပြီး လွယ်ကူသွားတာပေါ့။ ဒါတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ဘောလုံးမှာ မထင်မှတ်ထားတဲ့အရာတွေ အများကြီးဖြစ်လာတတ်လို့ပါပဲ"

"သူ ဒီကို ပြောင်းလာချင်တယ်ဆိုရင် ကျွန်တော်တို့အသင်းသားတွေရော၊ အသင်းကပါ သူ့အတွက်အမြဲတံခါးဖွင့်ထားပါတယ်။ သူနဲ့ ကျွန်တော်ဟာ ပြိုင်ဘက်ဖြစ်ခဲ့ဖူးပေမယ့် ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD