AD
AD
AD

အမေရိကန် အမျိုးသမီးအသင်းရဲ့ ဂိုးသမား ဟုပ်ဆိုလိုက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီာ)ဥက္ကဋ္ဌဟောင်း ဆပ် ဘလတ္တာကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲမှု ပြုလုပ်ခဲ့ပါတယ်။

play
၂၀၁၃ ခုနှစ် ဘလွန်းဒီအော ဆုပေးပွဲအခမ်းအနားတွင် အတူတွေ့ရတဲ့ ဟုပ်ဆိုလိုနဲ့ ဘလတ္တာ။

 

အသက် ၃၆ နှစ် ရှိပြီဖြစ်တဲ့ အဆိုပါ ကမ္ဘာ့ချန်ပီယံဟောင်းက ၂၀၁၃ ဘလွန်းဒီအော ဆုပေးပွဲအခမ်းအနား မစတင်မီ စင်ပေါ်ကို တက်ဖို့အသွားမှာ မတော်တဆပုံစံမျိုးနဲ့ ကျွန်မရဲ့ နောက်ပိုင်းကို ထိပါးစော်ကားခဲ့တာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။" လို့ ပေါ်တူဂီသတင်းစာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။

play

 

အဆိုပါ စွပ်စွဲမှုနဲ့ ပက်သက်ပြီး အသက် ၈၁ နှစ်အရွယ် ဆပ်ဘလတ္တာက ငြင်းဆိုထားခဲ့တယ်လို့လည်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိထားရပါတယ်။

 

"အခုလို သက်သေမခိုင်လုံပဲနဲ့ စွပ်စွဲပြောဆိုနေတာ ရယ်စရာကောင်းလွန်းပါတယ်။" လို့ ဘလတ္တာရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီ သတင်းဌာနကို ပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

လတ်တလောမှာတော့ အဆိုပါ စွပ်စွဲမှု သတင်းကို စိတ်ဝင်စားသူ အရေအတွက်များပြားလာနေတယ်လို့လည်းသိရပါတယ်။

ဆိုလိုမှာ အိုလံပစ်ချန်ပီယံ နှစ်ကြိမ်ရရှိထားသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ အမျိုးသမီးဘောလုံးလောာကကြား ကြီးမားတဲ့ ဖြစ်ရပ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

"လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အမျိုးသမီးကစားသမားတွေနဲ့ သူတို့ရဲ့ နည်းပြတွေ စုံတွဲဖြစ်ခဲ့တာတွေ၊လက်ထက်တာတွေ ရှိခဲ့ပါတယ်။တစ်ကယ်ဆို နည်းပြတွေအနေနဲ့ လုံးဝမလုပ်သင့်ဘူးလို့ ထင်ပါတယ်။အထူးသဖြင့် ကစားသမားငယ်လေးတွေအပေါ်မှာ ဒီလို စိတ်မျိုးမထားပေးဖို့ လိုပါတယ်။ကျွန်မအမြင်အရတော့ ဒီလို ဖြစ်ရပ်တွေမှာ နည်းပြတွေ ထရိန်နာတွေ အသင်းဆရ၀န်တွေအပါအ၀င် မီဒီယာတွေနဲ့ အမြဲလိုလို အ၀တ်လဲခန်းတွေမှာ မမြင်ချင်မှ အဆုံးတွေ့မြင်ခဲ့ရပါတယ်။ကျွန်မဘယ်လိုမှ နားမလည်နိုင်တာက သူတို့တွေ ဒီလိုအရာတွေကို ထုတ်ဖော်မပြောတာကိုပါပဲ။ငြင်းဆိုတဲ့ စကားတွေကိုပေါ့။" လို့ ဆိုလိုက အမျိုးသမီးအားကစားလောကရဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ဘလတ္တာအနေနဲ့ ဖီဖာဥက္ကဋ္ဌရာထူးကို ၁၇နှစ်တာ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အကျင့်ပျက် လာဘ်စားမှုနဲ့ အနားပေးခြင်း ခံခဲ့ရပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD