AD
AD
AD

၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

play

 

အုပ်စု(၈)စုခွဲခြားနိုင်ဖို့အတွက် မဲအိုး (၄)အိုးတွင် တစ်အိုးလျှင် ၈ သင်းစီ သတ်မှတ်ခွဲခြားထားပါတယ်။

 

မဲအိုး နံပါတ် (၁)မှာတော့ အိမ်ရှင် ရုရှား၊လက်ရှိချန်ပီယံ ဂျာမနီ၊ တောင်အမေရိကဇုန်မှ ခြေစစ်ပွဲအုပ်စုဗိုလ်နဲ့အောင်မြင်ခဲ့တဲ့ ဘရာဇီး၊ဥရောပဖလား ချန်ပီယံ ပေါ်တူဂီ၊အာဂျင်တီးနား၊ဘယ်လ်ဂျီယံနဲ့ ပြင်သစ်အသင်းတို့ ပါဝင်နေပါတယ်။

မဲအိုး နံပါတ်(၂)မှာတော့ နာမည်ကြီး အင်္ဂလန်၊စပိန်၊ပီရူး၊ဆွစ်ဇာလန်၊ဥရုဂွေး၊ကိုလံဘီယာ၊မက္ကဆီကို နဲ့ ခရိုအေးရှားအသင်းတို့ ပါဝင်နေပါတယ်။

မဲအိုး နံပါတ် (၃)မှာတော့ ဒိန်းမတ်၊အိုက်စလန်၊ကော်စတာရီကာ၊ဆွီဒင်၊တူနီးရှား၊အီဂျစ်၊ဆီနီဂေါနဲ့ အီရန်အသင်းတို့ ကျရောက်နေကာ မဲအိုး နံပါတ် (၄)မှာတော့ ဆားဘီးယား၊နိုင်ဂျီးရီးယား၊သြစတြေးလျ၊ဂျပန်၊မော်ရိုကို၊ပနားမား၊တောင်ကိုရီးယားနဲ့ ဆော်ဒီအသင်းတို့ ကျရောက်နေတာ ဖြစ်ပါတယ်။

မဲအိုးခွဲခြားမှုအရ မဲအိုးတူ အသင်းများ အုပ်စုတွင်း အတူ ကျရောက်မှာ မဟုတ်ပဲ တစ်အုပ်စီအတွက် မဲအိုးတစ်အိုးစီမှ အသင်းများ တစ်သင်းစီ ကျရောက်မှာလည်း ဖြစ်ပါတယ်။

အုပ်စု မဲခွဲမှုကိုတော့ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

Postby

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD