AD
AD
AD
play

 

အာရှဘောလုံးအဖွဲ့ချုပ် AFC ကနေ ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဟာ တစ်ကမ္ဘာ့လုံးကစောင့်ကြည့်ရတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ဆု တစ်ခုဖြစ်ပါတယ်။ ယခု ထုတ်ပြန်လိုက်တဲ့ ၂၀၁၇ ခုနှစ်အတွက် အာရှရဲ့အကောင်းဆုံးအမျိုးသားကစားသမား ဆန်ကာတင်စာရင်းမှာ ဆုရရှိဖူးတဲ့ကစားသမားလည်း ထပ်မံပါဝင်ခဲ့သလို တစ်ခါမှ မရရှိဖူးသေးတဲ့ ကစားသမားတွေလည်း ပါဝင်လာတာကြောင့် သက်ဆိုင်ရာကစားသမားတွေသာမက ပရိသတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာဖြစ်ပါတယ်။

Postby

 

ယခုထုတ်ပြန်ခဲ့တဲ့ အာရှရဲ့အကောင်းဆုံးကစားသမားဆန်ကာတင် ၃ ဦးစာရင်းမှာ ပြီးခဲ့တဲ့နှစ်က အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ Al Ain အသင်းရဲ့ကစားသမား အိုမာအက်ဘ်ဒူလ်ရာမန် ပြန်လည်ပါဝင်လာတာတွေ့ရပါတယ်။

play

 

UAE လက်ရွေးစင်ကစားသမားဖြစ်တဲ့ အက်ဘ်ဒူလ်ရာမန်ဟာ AFC က ပေးအပ်တဲ့ အခြားဆုတွေကိုလည်း ရရှိခဲ့ဖူးတဲ့ ကစားသမားဖြစ်ပြီး နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက်ပါ အကောင်းဆုံးခြေစွမ်းပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

play

 

နောက်ထပ် ဆန်ကာတင်စာရင်းမှာ ပါဝင်နေတဲ့ ကစားသမားကတော့ Al Hilal အသင်းရဲ့တိုက်စစ်မှူး အိုမာခါဘင်ဖြစ်ပါတယ်။ အိုမာခါဘင်ဟာ AFC Champion League ပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဆီးရီးယားလက်ရွေးစင်ကစားသမားဖြစ်တဲ့ အိုမာခါဘင်ဟာ မကြာသေးမီကမှ ပြီးဆုံးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆီးရီးယားအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားပေးခဲ့တဲ့ တိုက်စစ်မှူးလည်းဖြစ်ပါတယ်။

play

 

နောက်ဆုံးအနေနဲ့ ဆန်ကာတင်စာရင်းမှာ ကျန်ရှိနေတဲ့ကစားသမားကတော့ တရုတ်လက်ရွေးစင်ကစားသမား ဝူလိုင် ဖြစ်ပါတယ်။ Shanghai SIPG အသင်းမှာ ကစားနေတဲ့ ဝူလိုင်ဟာ တရုတ်စူပါလိဂ်မှာ ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်း သွင်းဂိုး ၂၀ အထိ ရှိခဲ့တဲ့ ပထမဆုံး တရုတ်ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် ၁၅ နှစ်အရွယ်ကတည်းက Shanghai အသင်းမှာ ကစားခဲ့တဲ့ အာရှရဲ့ပါရမီရှင်ကစားသမား ကစားသမားဖြစ်တဲ့ ဝူလိုင်ဟာ Shanghai SIPG အသင်းကို တရုတ်စူပါလိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်စေနိုင်ခဲ့သလို AFC Champion League မှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဝူလိုင်ဟာ Shanghai SIPG အသင်းမှာ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ ဟော့ခ်၊ ချယ်ဆီးအသင်းကစားသမားဟောင်းဖြစ်တဲ့ အော်စကာတို့နဲ့အတူ တွဲဖက်ကစားနေတဲ့ ညာတောင်ပံကစားသမားဖြစ်ပါတယ်။

 

Source & Photos: Ghanasoccernet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD