AD
AD
AD

နိုဝင်ဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၁၅ မှာ ဒေါ့မွန်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ စဉ်(၄)ကို ယှဉ်ပြိုင်က စားတော့မှာ ဖြစ်ပါတယ်။

play

 

လက်ရှိမှာ ဧည့်သည် စပါးအသင်းအနေနဲ့ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ရမှတ် ၁၀ မှတ်ရရှိကာ အုပ်စုကို ဦးဆောင်နေပါတယ်။ဒေါ့မွန်အသင်းကတော့ ယမန်နှစ် ၂၀၁၆-၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်မှာတော့ အုပ်စုတွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ စပါး၊ရီးရဲတို့ကို မယှဉ်နိုင်ပဲ အဆင့် ၃ နေရာမှာ သာရပ်တည်နေကာ အုပ်စုမှ ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေပြီလည်း ဖြစ်ပါတယ်။

play

 

မနှစ်က ဒီနှစ်သင်းယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်မှာ တွေ့ဆုံခဲ့ရာမှာတော့ ဒေါ့မွန်အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် ချန်ပီယံလိဂ် အုပ်စုတွင်း ယှဉ်ပြိုင်ထားရာမှာတော့ စပါးအသင်းက အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ ပြန်လည် အနိုင်ယူ ထားတာကြောင့် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ ဒေါ့မွန်အသင်းက နှစ်ကြိမ်နိုင်ထားပြီး စပါးအသင်းက တစ်ကြိမ်နိုင်ထားကာ သရေပွဲတော့ မရှိ ပါဘူး။

 

လက်ရှိ စပါးအသင်းအနေနဲ့ ဒဏ်ရာရ ကစားသမားကင်းစင်နေသလို အဓိက ကစားသမားတွေအနေနဲ့လည်း ခြေစွမ်းပြကစားကာ အုပ်စုတွင်း အဓိက ပြိုင်ဘက် လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ်အသင်းကိုတောာ့ အနိုင်ယူထားနိုင်တဲ့အထိ ခြေစွမ်းမြင့်မားနေတာကြောင့် ယခုတစ်ကြိမ် ဒေါ့မွန် အသင်းရဲ့ အိမ်ကွင်း တွေ့ဆုံမှုမှာလည်း စပါးအသင်းအနေနဲ့ အနိမ့်ဆုံး သရေရအောင်ကစားနိုင်စွမ်းရှိနေတာလည်း ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့လည်း ဘွန်ဒက်လီဂါမှာအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့အပြင် တိုက်စစ်မှူး အူဘာမီ ယန်းမှာလည်း အပြစ်ပေးခံထားရတာကြောင့်အသင်းတွင်း စည်းလုံးမှု ပျက်ပြားနေသလို ခြေစွမ်းလည်း ကျဆင်းနေတာကြောင့် အိမ်ကွင်းဖြစ်ပေ မယ့်လည်း အုပ်စုတက်ရေး မျှော်လင့်ချက် ကုန်သလောက်ဖြစ်နေတာကြောင့် စပါးအသင်းကို ယှဉ်ကစားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာလည်း ဖြစ်ပါ တယ်။

အစစအရာရာ ဦးတည်းချက် လားရာ ဆန့်ကျင်ဘက်ပုံစံမျိုးဖြစ်နေတဲ့ စပါးအသင်းနဲ့ဒေါ့မွန်အသင်းတို့ရဲ့ အားပြိုင်မှုမှာ အစဉ်အလာအားသာချက် ရှိထားတဲ့ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ အနိုင်ပြန်ယူမလား ခြေစွမ်းရော စိတ်ဓာတ်ပါ အမြင့်ဆုံးမှာရှိနေတဲ့စပါးအသင်းကပဲ အနိုင်ယူသွားမ လားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD