AD
AD
AD
play

 

ခရိုအေးရှား ကွင်းလယ်ကစားသမား ရာကီတစ်ဟာ ဆွီဒင်အသင်းနဲ့ Play-off ပွဲစဉ်မှာ နှစ်ကျော့ပေါင်းရလဒ်နဲ့ အီတလီအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ဆုံးရှုံးခဲ့တဲ့ပွဲအပြီး ဘူဖွန်ရဲ့ စိတ်ထိခိုက်ဖွယ် အငိုမျက်နှာကို မြင်ခဲ့ရတဲ့အတွက် သူ့ရဲ့ကိုယ်စား ခရိုအေးရှားအသင်းရဲ့ ကွင်းလယ်တစ်နေရာမှာ ကစားဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် ဘူဖွန်က ငြင်းပယ်ခဲ့ပြီး ယခုလို ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၇၅ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ဘူဖွန်ဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တာကို တစ်ကမ္ဘာလုံးက မြင်တွေ့ပြီး ဝမ်းနည်းခဲ့ကြပါတယ်။

play

ဘူဖွန်ရဲ့ အင်တာဗျူးကို ကြည့်ရှုမိတဲ့ လူသန်းပေါင်းများစွာထဲက တစ်ဦးဖြစ်တဲ့ ရာကီတစ်ဟာ ဂန္တဝင်ကစားသမားကြီးရဲ့အဆုံးသတ်ကို မြင်တွေ့ပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ ဘူဖွန်အတွက် သူ့ရဲ့ကမ္ဘာ့ဖလား ကစားခွင့်ကို ပေးအပ်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့် ကမ္ဘာ့ဖလားကစားခွင့်ကို သူ့ကို ပေးချင်ပါတယ်။ သူ ငိုနေတာကို မြင်တွေ့ရတဲ့အခါမှာ ခင်ဗျားလည်း ငိုချင်မိမှာပဲ"

"သူ့လိုမျိုး ကစားသမားမျိုးကို ဒီလိုပုံစံနဲ့တော့ မနှုတ်ဆက်သွားစေချင်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

ရာကီတစ်ရဲ့ဘာစီလိုနာအသင်း ကစားဖော် ဂျော်ဒီအယ်ဘာကလည်း ဘူဖွန်ကို "ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမား"လို့ ချီးကျူးခဲ့ပါတယ်။ ဘူဖွန်ဟာ သူ့ရဲ့ပြိုင်ဘက်ကစားသမားရဲ့အားပေးမှုကြောင့် အရမ်းကျေးဇူးတင်မိပေမယ့် ရာကီတစ်ရဲ့ ခရိုအေးရှားကွင်းလယ်တစ်နေရာမှာ ကစားဖို့ ကမ်းလှမ်းမှုကိုတော့ ငြင်းပယ်ခဲ့ပါတယ်။

play

 

"ချစ်ခင်ရပါတဲ့ ရာကီတစ်ရေ၊ ဂိုးသမားတစ်ဦးအနေနဲ့ ငါ ကစားနေဆဲပါပဲ။ ဒါပေမယ့် ခရိုအေးရှားအသင်းအတွက် ကွင်းလယ်မှာ မင်းရဲ့နေရာမှာ ဝင်ကစားဖို့ဆိုတာကတော့ ကောင်းမွန်တဲ့အကြံမဟုတ်ဘူးလို့ ထင်ပါတယ်။ မင်းရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် ငါပြောနေတာပါ။ နောက်တာပါ၊ မင်းရဲ့စကားလုံးတွေက အကြီးမားဆုံး လက်ဆောင်တစ်ခုပါ။ မင်းကိုရော၊ မင်းရဲ့အသင်းဖော် ဂျော်ဒီအယ်ဘာကိုရော ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ဝတ်စုံက မင်းကို စောင့်မျှော်နေပါတယ်"လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD