AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

ယင်းပွဲစဉ်မှာ မက်ဆီရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပထမပိုင်း ၃၀ မိနစ်မှာ ဘီးကုပ်စက်ဝိုင်းထိပ်ကနေ မက်ဆီရဲ့ ကန်သွင်းချက်ကို ဗလင်စီယာအသင်းရဲ့ဂိုးသမား နီတို ကာကွယ်ခဲ့ရာမှာ ပေါင်ကြားထဲကနေဘောလုံး လွတ်ထွက်ပြီး ဂိုးစည်းကို ကျော်လွန်သွားခဲ့တာကို ရုပ်သံပြကွက်မှာ တွေ့ခဲ့ရပြီး စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်က ယင်းဂိုးကို ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တာကို တွေ့ရပါတယ်။

play

 

ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား မက်ဆီက ရီးရဲမက်ဒရစ်အသင်းနဲ့ အမှတ်ပြတ်သွားမှာစိုးတာကြောင့် ဂိုးခွင့်မပြုခဲ့တာလို့ ထင်မြင်နေကြောင်း Diario Gol က အတည်ပြုခဲ့ပါတယ်။ ယခုပွဲစဉ်မတိုင်မီက ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ၁၀ မှတ်အထိ ကွာဟနေခဲ့ပြီး ယခုပွဲစဉ်မှာ မက်ဆီရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တာကြောင့် သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ဘာစီလိုနာအသင်း နောက်မှာ ၈ မှတ်အကွာနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

play

 

လာလီဂါပြိုင်ပွဲဟာ အမြဲတမ်းလိုလို စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်လေ့ရှိနေတာကြောင့် လာမယ့်ရာသီမှာ ရုပ်သံအကူစနစ်နဲ့ ဆုံးဖြတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြီးခဲ့တဲ့လတွေက သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Source & Photos: Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD