AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ထရိုင်အသင်းတို့ရဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

ယင်းပွဲစဉ်ရဲ့ ပထမပိုင်းမှာ ပီအက်စ်ဂျီအသင်းက ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ပင်နယ်တီကန်သွင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး နေမာနဲ့ ကာဗာနီတို့ အချင်းများ ရန်စောင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်း မိနစ် ၄၀ မှာ ထရိုင်အသင်းရဲ့နောက်ခံကစားသမားတစ်ဦးက ကာဗာနီကို နောက်ကနေ ဆွဲထားပြီး လှဲချခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

play

 

ယင်းပင်နယ်တီကို ကန်သွင်းဖို့ နေမာ ရောက်ရှိလာချိန်မှာတော့ ကာဗာနီနဲ့ အနည်းငယ်အချင်းများခဲ့ပြီး ကာဗာနီက ပင်နယ်တီကိုယ်တိုင် ကန်သွင်းယူဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ နေမာက စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။

play

ကာဗာနီဟာ ယခုလအစောပိုင်းက လာမယ့် ပင်နယ်တီပြစ်ဒဏ်ဘောတွေကို ကန်သွင်းဖို့ နေမာကို ခွင့်ပြုသွားမယ်လို့ ပြောကြားခဲ့ဖူးပြီး ယနေ့နံနက်ပွဲစဉ်မှာတော့ နေမာကို ကန်သွင်းခွင့်မပေးခဲ့တာဟာ နည်းပြရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့တာလားဆိုတာကတော့ ကာဗာနီသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD