AD
AD
AD

မန်ယူအသင်းနဲ့ စီအက်ကေအေတို့ပွဲစဉ်မှာ မန်ယူအသင်း ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ပွဲကစားချိန် ၄၅ မိနစ်မှာတော့ စီအက်ကေအေက ဦးဆောင်ဂိုးအရင်ရခဲ့တာ ဖြစ်ပြီး အဆိုပါ ဂိုးနဲ့ ပက် သက်လို့ ပရိသတ်တွေအကြား လူကျွံဘော ဖြစ်မဖြစ် အငြင်းပွားမှုများ လည်း ထွက်ပေါ်လာခဲ့ပါ တယ်။

play

 

စီအက်ကေအေအသင်းက ညာခြမ်းမှ ဆွဲဝင်လာပြီး ဖြတ်တင်ပေးချိန်မှာ မန်ယူနောက်ခံလူ ဘိုင်လီအ နေနဲ့ လျှောဝင် ဖြတ်ထုတ်လိုက်ပေမယ့်လည်း ဘောလုံးကိုမတားဆီးနိုင်ပဲ အရှိန်လွန်ကာ စည်းအပြင်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ စီအက်ကေအေအသင်းက ဂိုးကန်သွင်းရာမှာတော့ ကွင်းအတွင်းလူကျွံအနေအထားမှာရှိနေတဲ့ ဒီဇာဂု ကျောနဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ မန်ယူအသင်းသားများက လူကျွံဘောလို့ တောင်းခဲ့ပါတယ်။

ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိပဲ ဂိုးအဖြစ်သတ်မှတ်ပေး လိုက်ပါတယ်။

အဆိုပါ ဂိုးနဲ့ ပက်သက်ပြီး ယူအီးအက်အေရဲ့ ပြန်လည်ရှင်းလင်းပြောကြားချက်အရ “ကစားသမားတစ်ယောက်အနေနဲ့ ကွင်းပြင်ပကို တရားဝင်ထွက်ခွင့်မပေးပဲ ထွက်နေခဲ့မယ်ဆိုရင် သူ့ကို ကစားနေသူလို့ပဲယူဆလို့ရတယ်လို့ သိရပါတယ်။

ကွင်းလယ်ဒိုင်က တရားဝင် ကွင်းအပြင် ထွက်ခွင့်ပေးထားမှသာ သူဟာ လူကျွံဘောဖမ်းတဲ့အခါ အကျုံးမ၀င်မှာလည်း ဖြစ်ပါတယ်။

ယခု ဖြစ်စဉ်မှာတော့ ဘိုင်လီအနေနဲ့ ဘောလုံးဖြတ်ထုတ်ရင်း ကွင်းအပြင်ရောက်သွားခဲ့တာ ဖြစ်တာကြောင့် သူ့ကို ကွင်းအတွင်းကစားနေသူ၊မန်ယူအသင်းရဲ့ နောက်ဆုံးခံစစ်မှူးအဖြစ် သတ်မှတ်ထားလို့ ရနေတုန်းပါပဲ။ဒါကြောင့် စီအက်ကေအေအသင်းသွင်းယူချိန် ဘိုင်လီအနေနဲ့ တရားဝင်ကွင်းပြင်ပ ထွက်ခွင့်ပေးထားခြင်း ခံထားရတာ မဟုတ်တဲ့အတွက် စီအက်ကေအေသင်း သွင်းယူချိန်မှာ မန်ယူအသင်းရဲ့ နောက်ဆုံးခံစစ်မှူးက ဘိုင်လီအဖြစ် ရှိနေခဲ့တာ လည်း ဖြစ်ပါတယ်။” လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD