AD
AD
AD
play

 

ယနေ့နံနက်အစောပိုင်းက ပြင်သစ်နိုင်ငံ၊ အီဖယ်မျှော်စင်ကြီးရဲ့အောက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် Ballon d'Or ဆု ပေးအပ်ချီးမြှင့်ပွဲမှာ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုက ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်အသင်းအတွက်သာမက နိုင်ငံအသင်းတွက်ပါ အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ယခုနှစ်မှာပေးအပ်တဲ့ တစ်ဦးချင်းဆုတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုကို ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ပီလီက သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ စာရေးသားပြီး ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

"ဒီနှစ်အတွက် ဘလွန်းဒီအော်ဆုကို ရရှိသွားတဲ့ ခရစ်စတီယာနိုကို ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားလိုလူနဲ့ တစ်သင်းတည်းမှာ ကစားခွင့် ရချင်မိပါတယ်"လို့ ရေးသားထားတာဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုကို ပီလီအပြင် အသင်းဖော်တွေနဲ့ မန်ယူအသင်းဖော်ဟောင်း ဖာဒီနန်ကလည်း လူမှုကွန်ရက်မှာ အသီးသီး ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD