AD
AD
AD

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုအပြီးမှာ ဆက်လက်ကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေရဲ့ တွေ့ဆုံမှုတွေမှာတော့ နာပိုလီအသင်းနဲ့ လိုက်ဇက်အသင်းတို့သာထိပ်တိုက်တွေ့ဆုံနေပြီး ကျန်အသင်းကြီးများ ပွဲချောင်နေတာကိုတွေ့မြင်ရပါတယ်။

play

 

ဒီအဆင့်မှာတော့ ချန်ပီယံလိဂ်မှ ဆင်းသက်ရောက်ရှိလာခဲ့တဲ့ အက်သလက်တီကို၊ဒေါ့မွန်၊လိုက်ဇက်၊နာပိုလီအစရှိတဲ့အသင်းကြီးများအပြင် အေစီမီလန်၊အာဆင်နယ်၊လာဇီယိုအစရှိတဲ့အသင်းများ ပါဝင်လာတာဖြစ်ပြီး နာပိုလီအသင်းနဲ့ လိုက်ဇက်အသင်းတို့ကတော့ ထိပ်တိုက် တွေ့ဆုံ နေပါတယ်။

play

 

ဒေါ့မွန်အသင်းက အီတလီစီးရီးအေကလပ် အတ္တလန္တာအသင်းနဲ့လည်းကောင်း၊အက်သလက်တီကိုအသင်းက ကိုပင်ဟေဂင်အသင်းနဲ့လည်း ကောင်း၊နာပိုလီအသင်းနဲ့ လိုက်ဇက်အသင်းတို့လည်းကောင်း၊လိုင်ယွန်နဲ့ ဗီလာရီးရဲ၊အေစီမီလန်နဲ့ လူဒိုဂိုရပ်စ်၊ အာဆင်နယ်အသင်း အနေနဲ့ကတော့ ဆွီဒင်ကလပ် အော့စတာဆန်အသင်းလေးနဲ့ တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်တွေကိုတော့ဖေဖော်ဝါရီလ ၁၅ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD