AD
AD
AD

လာမယ့် ဖေဖော်ဝါရီလအတွင်းမှာကစားမယ့် ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့မှာ ယခင်က တွေ့ဆုံခဲ့ဖူးပြီးသား ပြိုင်ဖက်ဟောင်းတွေလည်း ဖြစ်ပါတယ်။

play

 

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီမှာ ပြိုင်ဖက်အသင်းတိုင်းနီးပါးကို ဂိုးသွင်းယူထားနိုင်သူဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၈ ကြိမ်မှတော့ တစ်ဂိုးမှ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

play

 

ဒါကြောင့် ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ မက်ဆီအတွက် အခွင့်အရေးဖြစ်လာမလားဆိုတာလည်း စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ယခုနှစ် နူးကမ့်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာလည်း ဂိုးသမားကြီးဘူဖွန်ကို ဂိုးမသွင်းနိုင်တာကို ရပ်တံ့နိုင်ခဲ့တာကြောင့်လည်း ယခုတစ်ကြိမ် ချဲလ်ဆီးအသင်နဲ့ ပွဲမှာလည်း ထပ်မံရပ်တံ့ပြနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် ကောင်းနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံမှု ၁၀ အကြိမ်အထိ ရှိထားခဲ့ရာမှာ မက်ဆီအနေနဲ့ ချဲလ်ဆီးအသင်းကို ၈ ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးတာ လည်း ဖြစ်ပါတယ်။ဒါပေမယ့်လည်း တစ်ကြိမ်မှ ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ၎င်းရင်ဆိုင်ခဲ့ဖူးတဲ့အသင်းတွေထဲမှာ ဂိုးမသွင်းဖူးသေးတဲ့ အသင်းအဖြစ် တစ်သင်းအပါအ၀င် ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Source- Barcelona

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD