AD
AD
AD

ယနေ့ နံနက်ပိုင်းက လက်စတာစီးတီးအသင်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာ ပြေးနေတဲ့ တစ်ကောင်းတည်းသော မြင်းဖြစ်လာခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းဟာ ယနေ့ ပွဲစဉ်မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း၊ဆာနေးနဲ့ စတားလင်းတို့ကို အနားပေးထားခဲ့ကာ ကွင်းလယ်မှာ လည်း ဖာနန်ဒင်ဟိုအစား ယာယာတိုရေးကို အစားထိုးအသုံးပြုခဲ့ပါတယ်။

play

 

ပွဲချိန် ၂၆ မိနစ်မှာ ဘာနန်ဒိုဆေးလ်ဗားက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချန် ၉၀ မိနစ်မှာပေးလိုက်ရတဲ့ ပင်နယ်တီပြစ်ဒဏ်ဘော ကို လက်စတာ တိုက်စစ်မှူး ဗာဒီက ကန်သွင်းရယူခဲ့တာကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ကြလို့ ပင်နယ်တီ ဆက်လက်ကန်သွင်းရာမှာတော့ မန်စီးတီးအသင်းက ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ယခုလို အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းဟာ လိဂ်ဖလား ဆီမီးဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်သလို အခြားသော ပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာလည်း ဆုဖလားရရှိရေး ရေပန်းစားနေတာကြောင့် ဖလား ၄ လုံး လမ်းကြောင်း ပေါ်မှာ ပထမဆုံး အကြိမ် ရပ်တည်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံလိဂ်မှာ အစဉ်အလာမရှိပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ၁၆ ပွဲဆက်အနိုင်ရရှိ အံ့မခန်းစံချိန်ကောင်းအတွက် ချန်ပီယံ စာရင်းမှာ ထည့်သွင်းစဉ်းစားပေးခြင်း ခံထားရသလို ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲမှာတော့ ထိပ်ဆုံးမှာ ၁၁ မှတ်ဖြတ် ဦးဆောင်နေပါတယ်။

အက်ဖ်အေဖလား ပြိုင်ပွဲမှာတော့ တတိယအဆင့်ပွဲစဉ်တွေ ကစားရခြင်း မရှိသေးပဲ မန်စီးတီးအသင်း အနေနဲ့ အားလုံး ခြုံကြည့်လျှင် လက်ရှိ အချိန်မှာ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယခု လိဂ်ဖလား ဟာလည်း အသင်းရဲ့ ယခုနှစ်ရာသီ ပထမဆုံး ဖလားအဖြစ် ရယူနိုင်ရေး ကြိုးပမ်းလာဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

Source-Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD