AD
AD
AD

စပိန်ကလပ် ဆီဗီလာအသင်းဟာ ကင်ဆာဝေဒနာ ခံစားနေရတာကြောင့် အသင်းနဲ့ အပြည့်အ၀ ပူးပေါင်း နိုင်ခြင်း မရှိတဲ့ နည်းပြ အက်ဒွါဒို ဘီရစ်ဇ်ဇိုက အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

play

 

ဘီရစ်ဇ်ဇိုအနေနဲ့ ကင်ဆာခွဲစိတ်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြုလုပ်အပြီးမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကစားခဲ့တဲ့ လီဗန်တေးအသင်းနဲ့ပွဲမှာ ပြန်လည်တာဝန်ယူကိုင်တွယ်ခဲ့ပြီး သရေရလဒ်ရရှိခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့က ကစားခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲမှာတော့ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ လာလီဂါ နောက်ဆုံး ၃ပွဲဆက် ၁မှတ်သာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ကစားသမားများကို မိမိမှာ ကင် ဆာဝေဒနာ ခံစားနေရပြီဖြစ်ကြောင်း ပြောဆိုခဲ့ရာ ပထမပိုင်းတွင် ၃-၀ ဂိုးနဲ့ ရှုံးနိမ့်နေရာမှ ကစားသမားများရဲ့ မဆုတ်မနစ်ကြိုးစားပေးမှုကြောင့် ၃-၃ ဂိုးသရေရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆီဗီလာအသင်းကတော့ လက်ရှိမှာ နည်းပြသစ်ခန့်အပ်နိုင်ဖို့ဆောင်ရွက်နေပြီဖြစ်ပြီးနည်းပြ ဘီရစ်ဇ်ဇိုနဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

နည်းပြဘီရစ်ဇ်ဇိုအနေနဲ့ပြီးခဲ့တဲ့ မေလက ဆယ်တာဗီဂိုအသင်းကလည်း ဆီဗီလာအသင်းနည်းပြဖြစ်လာခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရတာ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD