AD
AD
AD

ယခင်က အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သလို အောင်မြင်တဲ့ ကစားသမားတစ်ဦးလို့ လည်းဆိုနိုင်တဲ့ အိုင်ဗရီကို့စ်နိုင်ငံသား အီဘိုယေးတစ်ယောက် မိန်းမဖျက်လို့ ပျက်ရမယ့် ဘ၀မျိုးနဲ့ ရင်ဆိုင် နေရ တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

အီဘိုယေးအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ၇ နှစ်လောက်ကျင်လည်ခဲ့ချိန်မှာ တန်ဖိုးကြီး ဇိမ်ခံအိမ်အပါအ၀င် မော်လ်ဒယ်မြင့်ကားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

play

 

ဒါ့အပြင် အာဆင်နယ်အသင်းနဲ့အတူ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဗိုလ်လုပွဲစဉ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပါဝင်ကစားခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အီဘိုယေးဟာ အာဆင်နယ်ကနေ ထွက်ခွာပြီး တစ်နှစ်လုပ်ခ ယူရို 1.5 သန်းနဲ့ ဂါလာတာစာရေးအသင်းမှာ ကစားပေးခဲ့သလို၊ ပရီးမီးယားလိဂ် ကလပ်ဆန်းဒါးလန်းအသင်းထံ လာရောက်ကစားဖို့ စီစဉ်ခဲ့ဖူးသော်လဲ ဖီဖာက သူ့ကို ကစားခွင့်ပိတ်ပင်လိုက်တာကြောင့် အပြောင်းအရွှေ့ တရားဝင် ဖြစ်မလာခဲ့ပါဘူး။

play

 

အခုတော့ အဲဒီအခိုက်အတန့်တွေဟာ အီဘိုးယေးရဲ့ လှပတဲ့ အတိတ်ပုံရိပ်တစ်ခုထက် မပိုတော့ပဲ မကြာခင်မှာ ကြမ်းတမ်းလွန်းတဲ့ ဘဝမုန်တိုင်းတစ်ခုနဲ့ ရင်ဆိုင်ဖြတ်ကျော်ရတော့မှာပါ။

အကြောင်းကတော့ သူဟာ ဇနီးဖြစ်သူ အော်ရီလီနဲ့ တရားရုံးမှာ ကွာရှင်းခဲ့ရာမှာ ပိုင်ဆိုင်မှုအားလုံးကို အော်ရီလီထံလွဲပြောင်းပေးဖို့ အမိန့်ချမှတ်ခြင်းခံထားရတာမို့ လက်ရှိနေအိမ်ကို စွန့်ခွာရတော့မှာ ဖြစ်ပါတယ်။

play

 

အခုဆိုရင် မြောက်လန်ဒန်မှာ ဇနီးဖြစ်သူ အော်ရီလီနဲ့အတူ နေထိုင်ခဲ့တဲ့အိမ်ကနေ စွန့်ခွာဖို့ တရားရုံးက အမိန့်ချမှတ်ထားတာ 3 ပတ်တောင် ကြာနေပါပြီ။ အီဘိုးအနေနဲ့ အဲဒီအိမ်မှာပဲ ဆက်လက်ပေကပ် နေထိုင်မယ်ဆိုပါက တရားသူကြီးရဲ့လက်မှတ်နဲ့ အိမ်ကနေ ဖယ်ပေးဖို့ အသိပေးအကြောင်းကြားစာ ရောက်လာတော့မှာ ပဲဖြစ်ပါတယ်။ ဒါကြောင့် အီဘိုယေးအနေနဲ့ အဝတ်ထုပ်တွေ ထုပ်ထားပြီး ဘယ်အချိန်မှာ သူ့အိမ်တံခါးကို လာခေါက်ကြတော့မလဲဆိုတာ ရင်တမမနဲ့ စောင့်နေလျှက်ရှိနေပါတယ် လို့လည်း သတင်းတွေ ကဖော်ပြလာကြပါပြီ။

ဒီအကြောင်းတွေနဲ့ ပက်သက်ပြီး အီဘိုယေးကိုယ်တိုင်က-“ ကျနော် ရှေ့နေထပ်ငှားဖို့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ အခု ကျနော် အိမ်ထဲမှာ ရှိနေတယ်ဆိုပေမယ့် အရမ်းကြောက်နေပါတယ်။ ဘယ်အချိန် ရဲတွေက အိမ်တံခါးလာခေါက်မလဲ မသိဘူးလေ။ တစ်ခါတလေ အိမ်ထဲမှာ ကျနော် မီးတွေပိတ်ပြီးနေလေ့ရှိပါတယ် ဘာလို့လဲဆိုတော့ ဒီအိမ်မှာ ကျနော်ရှိကြောင်း အခြားသူတွေကို ပေးမသိစေချင်လို့ပါ။ တကယ်တော့ ဒီအိမ်က ကျနော့်ပိုက်ဆံနဲ့ဝယ်ခဲ့တာပါ။ အခု ကျနော် မပိုင်တော့ဘူးတဲ့ဗျာ။ တွေးမိတိုင်း ကြောက်စိတ်တွေ ခဏခဏဝင်နေမိတယ်။ ရှေ့ဆက်ပြီးတော့ အဝတ်အစားတွေရောင်းပြီး ရှေ့နေလဲ မငှားချင်တော့သလို နောက်ဆုံးအထိ တိုက်ပွဲဝင်သွားဖို့လဲ ဆုံးဖြတ်ထားပါတယ်။ ဒီလို ဖြစ်လာတာ လုံးဝ တရားမျှတမှု မရှိပါဘူး” လို့ စိုးရိမ်မှုတွေနဲ့ အတူ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ကိုကျွေးမွေးစောက်ရှောက်ခဲ့တဲ့ အဖွားဖြစ်သူကို ကင်ဆာရောဂါကြောင့် ဆုံးရှုံးခဲ့ရသလို၊ အစ်ကိုဖြစ်သူ ဆာရီးကိုလဲ ယာဉ်တိုက်မှုကြောင့် ဆုံးရှုံးထားခဲ့ရပြန်ပါတယ်။ အဲလို မြန်ဆန်လွန်းတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့်ပဲ အီဘိုယေးတစ်ယောက် လက်ရှိမှာ စိတ်ဝေဒနာတွေ နှိပ်စက် ခံစားနေရကာ မိမိကိုယ်ကို သက်သေချင်လောက်တဲ့အထိ စိတ်ပျက်နေ တယ်လို့ လည်းသတင်းတွေကြားနေရပါတယ်။

တစ်ခါတလေ အီဘိုယေးအနေနဲ့ ပို့စ်မောက်တိုက်စစ်မှူးဟောင်း လွှာလွှာရဲ့ နေအိမ်မှာ သွားရောက် ကပ်နေရတယ်လို့ပြောဆိုထားပြီး ကလေးတွေလည်းရှိနေတာကြောင့် အိပ်ယာပေါ်မှာ တောင်အိပ်ခွင့်မရပဲ ကြမ်းခင်းပေါ်မှာပဲ အလိုက်တသိအိပ်ခဲ့ရတဲ့ညတွေလည်း များနေ ပြီလို့ အီဘိုယေးက ထုတ်ဖော်ပြောခဲ့ပါတယ်။

လက်ရှိအကျပ်အတည်းတွေက ရုန်းထွက်ဖို့ သူ့ရဲ့ကလပ်ဟောင်းတွေဆီက ကိုယ်ချင်းစာ ကူညီပေးမယ့် အကူအညီတွေ မျှော်လင့်နေတယ်လို့လည်း ပြောခဲ့ပြီး ဘယ်အလုပ်မျိုးမဆို လက်ခံ လုပ်သွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

အီဘိုယေးရဲ့ အနာဂတ်ကတော့ မတွေးရဲစရာ အဖြစ်အပျက်တစ်ခုအဖြစ် ရှိနေခဲ့ပြီး ဒါဟာ အခြားသော အောင်မြင်နေတဲ့ ကစားသမားတွေအတွက်လည်း သင်ခန်းစာ ရစရာ အဖြစ်အပျက် တစ်ခုအဖြစ် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD