AD
AD
AD

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ခရစ္စမတ်နားရက်ကာလမှာ မိသားစုကို သီးသန့် အချိန်ပေးမှုတွေ ပြုလုပ်နေပါတယ်။

play

 

မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ အက်ကလက်စီကိုပွဲအပြီးမှာ အနားရထားတဲ့နောက် မိသားစုနဲ့အတူ မိမိကိုယ်ပိုင် ဥယျာဉ်အတွင်း ခရစ္စမတ်ကာလကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ခရစ္စမတ်အထိန်းအမှတ် ဆန်တာကလော့ပ်အဖြစ် မက်ဆီရဲ့ ဖခင်ကလုပ်ခဲ့ပြီး မိသားနဲ့ တွေ့ဆုံနိုင်အောင်ဖန်တီးပေးခဲ့တာ ကြောင့်လည်း မိသားစုကို အကောင်းဆုံး ဦးဆောင်ပေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ ၎င်းရဲ့ ပရိ သတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

အဆိုပါ ဓာတ်ပုံကိုတော့ ၎င်းရဲ့ ကိုယ်ပိုင် အင်စတာဂရမ်မှာတင်ခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ လိုက်ခ်ပေးသူ တစ်သန်းနီးပါးခန့်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုံနဲ့တကွ အားလုံးကိုလည်း “Happy Christmas to you all” ဆိုပြီး ရေးသားဖော်ပြခဲ့ပါသေးတယ်။

ယခုတစ်ကြိမ် မိသားစုတွေ့ဆုံပွဲလေးကတော့ မက်ဆီအတွက် ပြီးပြည့်စုံနေမှာ အမှန်ဖြစ်ပြီး အဘယ်ကြောင့်ဆို သော် အယ်ကလက်စီကို တိုက်ပွဲမှာ အနိုင်ရပြီးနောက် စံချိန်သစ်တွေလည်း တင်ရှိနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD