AD
AD
AD

ငွေကြေးအခက်အခဲများကြောင့် မိမိကိုယ်ကို သတ်သေဖို့အထိ စဉ်းစားခဲ့တဲ့ အာဆင်နယ်နဲ့ ဂါလာတာစာရေး ကစားသမားဟောင်း အီဘိုယေး အနေနဲ့ လက်ရှိမှာတော့ အလုပ်လက်မဲ့ ဖြစ်နေခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ၎င်းရဲ့ ကြေကွဲဖွယ် ဇာတ်လမ်းရှည်တစ်ပုဒ်ကို ကြားမိခဲ့ချိန်မှာတော့ သူ့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာစေမယ့် စကားတစ်ခွန်း ကို တူရကီကလပ် ဂါလာတာစာရေးအသင်းက ပြောခဲ့ပါပြီ။

play

 

အဲ့ဒါကတော့ အီဘိုယေးအတွက် အလုပ်အကိုင်အခွင့်အလမ်းအတစ်ခုကို ကမ်းလှမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဇနီးသည်နဲ့ကွာရှင်းပြီးနောက် ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးခဲ့ရတဲ့အပြင် အလုပ်လက်မဲ့ ဖြစ်နေခဲ့တာကြောင့် သန်းကြွယ်သူဌေးဘ၀ကနေ အိမ်ခြေမဲ့ဘ၀ရောက်ခဲ့ရတဲ့ အီဘိုယေးကို ၎င်းရဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဂါလာတာစာရေးအသင်းက ယခုလို ပြန်လည်ကူညီစောင့် ရှောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂါလာတာစာရေးအသင်းရဲ့ ပိုင်ရှင်က-"ကျွန်တော်တို့ သူ့ရဲ့ သတင်းကြားကြားခြင်း စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။ဒါကြောင့် ကူညီဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းရဲ့ လစ်လပ်နေတဲ့ အသက် ၁၄နှစ်အောက်အသင်းမှာ လက်ထောက်နည်းပြတစ်နေရာစာကို သူ့အတွက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အိမ်ခြေယာမဲ့ဖြစ်ကာ သူငယ်ချင်းတွေရဲ့ အိမ်ဦးကြမ်းပြင်မှာ လိုက်အိပ်နေရတဲ့ အီအိုယေးအတွက်တော့ ဒီသတင်းဟာ ခရစ္စမတ်လက် ဆောင်သဖွယ် ဖြစ်လို့နေခဲ့ပြီလည်း ဖြစ်ပါတယ်။

အီဘိုယေးဟာ ၂၀၀၆ ခုနှစ်က အာဆင်နယ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို ကစားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သလို ပရီးမီးယား လိဂ်မှာ ကျင်လည်ခဲ့တဲ့ ၇ နှစ်တာ ကာလမှာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD