AD
AD
AD

လန်ဒန်ကလပ်အသင်းများဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အပြိုင်စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမား ကာရက်စကိုကို အက်သလက် တီကိုအသင်းက လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာခွင့်ပြုထားတယ်လို့ သိရပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ ကစားသမားအနေနဲ့ အသင်းဖော်များဖြစ်တဲ့ ကိုကီ၊ဂါဘီ၊ကြံ့ခိုင်ရေးနည်းပြအပါအ၀င် အသင်းနည်း ပြချုပ် ဆိုင်မွန်တို့နဲ့ ဆက်ဆံရေး  မပြေလည်မှုများ ရှိနေတာကြောင့် ဖြစ်တယ်လို့ စပိန်ကလာတဲ့ သတင်းများက ဖော်ပြနေပါတယ်။

ဒါ့အပြင် လာမယ့် ဇန်န၀ါရီမှစတင်ကာ အက်သလက်တီကိုအသင်း တိုက်စစ်မှူး ကော်စတာ ပြန်လည်ပါဝင်ခွင့်ရမှာ ဖြစ်သလို၊လက်စ်ပါးမားအသင်းမှ ဗီတိုလိုကိုလည်း ခေါ်ယူဖို့ လုပ်နေတာကြောင့်လည်း အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်လာတာ ဖြစ်တယ်လို့ သိရ ပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းကို အသင်းကနေ ပြောင်းရွှေ့ဖို့ သတင်းတွေ မျိုးစုံထွက်ပေါ်နေတဲ့ အလက်ဆစ် ဆန်းချက်နေရာမှာ အစားထိုးနိုင်ဖို့ အတွက် အာဆင်နယ်အသင်းက ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပြီး လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးကလည်း စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြောထားပါတယ်။

ဒါကြောင့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ကာရက်စကို ဘယ်အသင်းကို ရောက်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD