AD
AD
AD

၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ပြင်ဆင်ခဲ့ကြတဲ့ ဥရောပထိပ်တန်း ကလပ်အသင်းကြီးများရဲ့ ၂၀၁၇ ခုနှစ်တစ်နှစ်တည်းမှာ ဆောင်ရွက် ခဲ့ကြတဲ့ အပြောင်းအရွှေ့များမှာ ကြောက်ခမန်း လိလိ ငွေကြေးသုံးစွဲမှုများနဲ့ အံ့အားသင့်ခဲ့ရပါတယ်။

အချို့သော ပြောင်းရွှေ့မှုများမှာ ငွေကြေးပိုင်း မြင့်မားစွာ ပေးချေခဲ့ရသလို အချို့သော အပြောင်းအရွှေ့များမှာ အသင်းကို များစွာ အကျိုးပြုနိုင် ခဲ့တဲ့ ခေါ်ယူမှုတွေ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။

အဲ့ဒီပြောင်းရွှေ့မှုတွေထဲက ပရိသတ်တွေကို အံ့အားသင့်မှုတွေ အပြည့်အ၀ပေးစွမ်းနိုင်မယ်လို့ ယုံကြည်တဲ့ ထိပ်တန်း အပြောင်းအရွှေ့ (၁၀)ခု ကို ပြန်လည် ရေးသားဖော်ပြလိုက်ရပါတယ်။

၁။ လူကာကူ(ယူရို ၈၄.၇သန်း)

     အဲဗာတန်အသင်းတိုက်စစ်မှူး လူကာကို မန်ယူအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူ ခဲ့တာဖြစ်ပါတယ်။၂၀၁၇ ခုနှစ်အတွင်း မန်ယူခေါ်ယူတဲ့ ကစားသမားစာရင်းမှာ အမြင့်မားဆုံးပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။

play

 

၂။ မိုရာတာ(ပေါင် ၅၈သန်း)

    ရီးရဲမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေလို့ တိုက်စစ်မှူး မရှိတဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာတဲ့ မိုရာတာကို တစ်ချိန်က ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဒီဒီယာဒရော့ဘာလိုပဲ အောင်မြင်လိမ့်မယ်လို့ ဟောကိန်းတွေ ထုတ်နေကြပြီး လက်ရှိအချိန်မှာလည်း ခေါင်းတိုက်သွင်းဂိုးတွေနဲ့ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနေပါတယ်။

play

 

၃။ မန်ဒီ(ပေါင် ၅၂သန်း)

    မိုနာကိုအသင်းကနေ ခေါ်ယူခဲ့တဲ့ နောက်ခံလူ မန်ဒီဟာ မနေ့က ဗန်ဒိုက်ကို လီဗာပူးက မခေါ်ယူခင်အထိ ကမ္ဘာ့ဈေးအမြင့်ဆုံး နောက်ခံလူ ဖြစ်ခဲ့ပါတယ်။

play

 

၎။ မိုဟာမက် ဆာလာ(ပေါင် ၃၆.၉သန်း)

    ရိုးမားအသင်းမှာ ခြေစွမ်းပြနေတာကြောင့်ခေါ်ယူခဲ့တဲ့ ဆာလာဟာ လီဗာပူးအသင်းအတွက် အမှန်ကန် ဆုံး ခေါ်ယူမှုလို့ ဆိုရမှာပါ။ရိုးမားမှာ ထက် လီဗာပူးမှာ ပိုမိုခြေစွမ်းပြနေနိုင်ပြီး ဆာလာကို မထိန်းထားနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက်တော့ လွမ်းနေရုံမှတပါးအခြားမရှိပါဘူး။

play

 

၅။  လာကာဇက်တီ(ပေါင် ၄၆သန်း)

     လိုင်ယွန်ကနေ ခေါ်ယူခဲ့တဲ့ လာကာဇက်တီကတော့ အာဆင်နယ်အသင်းနဲ့ သိပ်အံဝင်မှုမရှိသေးသလို အသင်းမှာ ရှိတဲ့ ဆန်းချက်နဲ့ အိုလ်ဇေးတို့ရဲ့ အရှိန်အ၀ါတွေ လွှမ်းမိုးနေသယောင်ရှိနေပြီး လိုင်ယွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးပါဘူး။

play

 

၆။ ကိုင်လီဝေါ်လ်ကာ(ပေါင် သန်း ၅၀)

     စပါးညာနောက်ခံလူ ကိုင်လီဝေါ်လ်ကာကို မန်စီးတီးအသင်းက ခေါ်ယူခဲ့မှုဟာလည်း ကမ္ဘာ့ ဈေးအမြင့်ဆုံး နောက်ခံလူတွေ စာရင်းမှာ တစ်ယောက်အပါအ၀င်ဖြစ်စေခဲ့ပါတယ်။

play

 

၇။ ကိုင်လီဘတ်ပေး(အငှား)

     မိုနာကို ကြယ်ပွင့်ကစားသမားကိုင်လီဘတ်ပေးကို ပြင်သစ်ထိပ်တန်းကလပ် ပီအက်ဂျီအသင်းက အပြီး သတ်ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ပေမယ့်လည်း ငွေကြေးသုံးစွဲမှုထိန်းသိမ်းကန့်သတ်ခံခဲ့ရတာကြောင့် ယခုနှစ်မှာ တော့ အငှားနဲ့သာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။သူဟာ အသက် ၁၉ နှစ်သာ ရှိသေးပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာရော ကလပ်အသင်းအတွက်ပါ မရှိမဖြစ် ကစားသမားဖြစ်နေခဲ့ပါပြီ။

play

 

၈။ ဒမ်ဘီလီ(ယူရို ၁၀၅သန်း)

    ဒေါ့မွန်တောင်ပံ ကစားသမားလေး ဒမ်ဘီလီကို ဘာစီလိုနာအသင်းက ခေါ်ယူခဲ့ပေမယ့်လည်း ဒူးဒဏ် ရာကြောင့် ပြောင်းရွှေ့နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြည့်ပြည့်၀၀ မပြသနိုင်သေးပဲ အနားယူနေရဆဲ ဖြစ်ပါတယ်။

play

 

၉။ နေမာ(ယူရို ၂၂၂သန်း)

     ကမ္ဘာ့ထိပ်တန်း အပြောင်းအရွှေ့တစ်ခုလို့ ဆိုရလောက်အောင် နေမာရဲ့ပြောင်းရွှေ့ကြေးက မြင့်မား လွန်းခဲ့ပြီး၊ဘာစီလိုနာအသင်းကနေ ပီအက်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ပြောင်းရွှေ့မှုကို ဘယ်သူမှ ထင်မှတ်မထားပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု အတွက် မက်ဆီနဲ့ ရော်နယ်ဒိုကို ပြိုင်ချင်လို့ အသင်းပြောင်းခဲ့တယ်ဆိုတဲ့သူရဲ့ ဆုံးဖြတ်ချက်ကိုတော့ အားလုံးက လေးစားခဲ့ရပါတယ်။

play

 

၁၀။ ဗန်ဒိုက်(ယူရို ၈၄.၅သန်း)

      ဆောက်သမ်တန်အသင်းနောက်ခံလူ ဗန်ဒိုက်ကတော့ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာကတည်းက အသင်းပြောင်းရွှေ့ ကစားခဲ့ချင်ပေမယ့် လည်း ဇန်န၀ါရီဈေးကွက်ကျမှသာ လီဗာပူးအသင်းက ခေါ်ယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။သူ့ရဲ့အပြောင်းအရွှေ့ တန်ကြေးကြောင့် ထိုက်တန်မှု ရှိပါ့ မလားဆိုတဲ့ မေးခွန်းတွေလည်း များစွာထွက်ပေါ်နေခဲ့ပါတယ်။

play

 

အခြားသော ထိပ်တန်း အပြောင်းအရွှေ့တွေလည်း များစွာ ထွက်ပေါ်ခဲ့ပြီး ၂၀၁၇ ခုနှစ်ဟာ ကမ္ဘာ့ဘောလုံးဈေးကွက်ကို ကိုင်လှုပ်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ကာ ပီအက်ဂျီနဲ့ မန်စီးတီးအသင်းတို့ဟာလည်း ငွေကြေးသုံးစွဲမှုနဲ့ပက်သက်ပြီး အာဏာပိုင်များရဲ့ စုံစမ်းမေးမြန်းမှုများကို ခံခဲ့ရတဲ့ အထိ ငွေကြေးသုံးစွဲမှု ဖောင်းပွခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD