AD
AD
AD

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် မက်ဆီဟာ မိမိရဲ့ကစားသမားဘဝတစ်လျှောက်မှာ အင်္ကျီလဲဖို့ တောင်းဆိုခဲ့ဖူးတာ တစ်ကြိမ်သာ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ မိမိနဲ့ အင်္ကျီလဲလှယ်ခဲ့တဲ့ ကစားသမားတွေရဲ့အင်္ကျီတွေကို စုဆောင်းထားတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီက ဂျူဗင်တပ်အသင်းကို ဆီမီးဖိုင်နယ်မှာ ၂ ကျော့ပေါင်း ၃ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဂျူဗင်တပ်အသင်းရဲ့နောက်ခံကစားသမားတွေဖြစ်တဲ့ ချီရယ်လီနီနဲ့ ဘိုနူချီတို့ဟာ မက်ဆီနဲ့ အင်္ကျီလဲဖို့အတွက် အချင်းချင်း စကားများခဲ့ကြပါတယ်။

play

 

ဘိုနူချီဟာ မက်ဆီကို အင်္ကျီလဲနိုင်မလားလို့ မေးခဲ့ပြီး မက်ဆီက အင်္ကျီကို လဲပေးခဲ့တဲ့အတွက် ချီရယ်လီနီဟာ မက်ဆီနဲ့ အင်္ကျီလဲခွင့်မရခဲ့ဘဲ လူးဝစ်ဆွာရက်ဇ်နဲ့သာ လဲလှယ်ခဲ့ရပါတယ်။ မက်ဆီအနေနဲ့ အင်္ကျီလဲလှယ်ပေးခဲ့ရပေမယ့် စိတ်ပါလက်ပါ မရှိတာကို မြင်တွေ့ရပြီး မက်ဆီဟာ သာမန်အားဖြင့် တစ်ဖက်အသင်းမှာ အာဂျင်တီးနားကစားသမားပါမှသာ အင်္ကျီလဲလေ့ရှိပြီး မိမိဘက်ကစပြီး အင်္ကျီလဲလှယ်ဖို့ ပြောခဲ့ဖူးတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

ဒါပေမယ့် ချွင်းချက်အနေနဲ့ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့စဉ်အချိန်တုန်းက ပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ဇီဒန်းကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် အင်္ကျီလဲပေးဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် တစ်ခါမှ အင်္ကျီလဲပေးဖို့ ဘယ်သူ့ကိုမှ မမေးခဲ့ဖူးပါဘူး။ ဒါပေမယ့် တစ်ကြိမ်တော့ မေးဖူးတယ်။ အဲဒါ ဇီဒန်းကို မေးခဲ့တာပါ"

"အင်္ကျီလဲဖို့ ကျွန်တော် မမေးပါဘူး။ တကယ်လို့ ပြိုင်ဘက်အသင်းမှာ အာဂျင်တီးနားသားပါမယ်ဆိုရင်တော့ အဲဒီကစားသမားနဲ့ ကျွန်တော် အင်္ကျီလဲပါတယ်"

"တကယ်လို့ မပါဘဲနဲ့ တခြားတစ်ယောက်ယောက်က အင်္ကျီလဲပေးဖို့ မေးလာခဲ့ရင်တော့ လဲလှယ်ပေးလိုက်ပါတယ်။ တကယ်လို့ ဘယ်သူမှလာမမေးခဲ့ရင်တော့ ကျွန်တော် ဘယ်သူ့ကိုမှ မကြည့်သလို မေးလည်း မမေးပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD