AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ကွင်းလယ်ကစားသမား တိုနီခရူးစ်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ လစာငွေအမြောက်အမြားပေးချေနေရတဲ့ တိုနီခရူးစ်ကြောင့် ဘတ်ဂျက်လိုငွေပြမှာ စိုးရိမ်နေပြီး နေမာကို ခေါ်ယူဖို့အတွက် တိုနီခရူးစ်ကို မဖြစ်မနေ ရောင်းချရမယ့်အခြေအနေ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

play

 

တိုနီခရူးစ်ဟာ ရီးရဲမက်ဒရစ်အသင်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ကစားသမားဖြစ်ပြီး ယခုရာသီမှာ ပြိုင်ပွဲစုံ ၂၁ ပွဲကစားပြီး ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ တိုနီခရူးစ်ကို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပြီး နေမာကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်အသင်း သဘောတူညီမှုရရှိတာနဲ့ တိုနီခရူးစ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းအနေနဲ့ အသင်းအတွက် လိုအပ်နေတဲ့ကစားသမားတွေကို ခေါ်ယူရာမှာ အသင်းဥက္ကဌ ပီးရက်ဇ်နဲ့အမြင်မတူတာကြောင့် ခေါ်ယူနိုင်ခြင်းမရှိဘဲ ပီးရက်ဇ် သဘောကျတဲ့ကစားသမားတွေ ခေါ်ယူတာကို လက်ပိုက်ကြည့်နေရတာဖြစ်ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD