AD
AD
AD

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားလို့ ဆိုလိုက်ရင် ရော်နယ်ဒို၊ မက်ဆီနဲ့ ဘက်ခမ်းတို့ကိုသာ ပရိသတ်တွေ အရင်ဆုံး ပြေးမြင်မိကြမှာ ဖြစ်ပတယ်။ တကယ်တော့ ဒီဘောလုံးသမားတွေထက် အဆပေါင်းများစွာ ချမ်းသာတဲ့ လူငယ်ဘောလုံးသမား တစ်ဦးရှိနေပါတယ်။

 

သူ့နာမည်က ဖာအစ်ဘောလ်ကီရာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် လက်စတာရဲ့ အရန်အသင်း(လူငယ်အသင်း)မှာ  ကစားနေတာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်သာရှိပါသေးတယ်။ အောင်မြင်တဲ့ ဘောလုံးသမားဘဝကို မရသေးပေမယ့် သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်အထိ ရှိနေပါတယ်။

play
လက်စတာ အရန်အသင်းမှာ ကစားနေတဲ့ ဖာအစ်

 

၁၉ နှစ်အရွယ်နဲ့ ဘာလို့ ဒီလောက်ချမ်းသာနေရလဲဆိုရင် သူဟာ ဘရူနိုင်ဘုရင်မင်းမြတ် ဟာဆာနယ်ဘိုလ်ကီးယားရဲ့ တူတစ်ဦး ဖြစ်နေလို့ပါ။ ဖာအစ်ဟာ LA မှာမွေးဖွားခဲ့သူဖြစ်ပြီး ဘောလုံးကို ဝါသနာပါစွဲမက်ခဲ့တဲ့အတွက် ငယ်စဉ်က အေဖက်စီ        နယူးဘာရီအသင်းမှာ ကစားခဲ့ပါတယ်။ အဲဒီနောက် အင်္ဂလန်ကို ပြောင်းရွှေ့လာကာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ဖို့ ကြိုးစားခဲ့သူပါ။

play

 

၂၀၀၉ ခုနှစ်တုန်းက ဆောက်သမ်တန်အကယ်ဒမီမှာ တက်ရောက်ခဲ့သလို အာဆင်နယ်အသင်းကလည်း ခြေစွမ်းစမ်းသပ်ဖို့ ခေါ်ယူခဲ့ပါသေးတယ်။ အဲဒီနောက်ချယ်လ်ဆီးအသင်းကို နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် တစ်နှစ်ပဲ ကစားပြီးနောက် လက်စတာအသင်းကို သုံးနှစ်စာချုပ်နဲ့ ပြောင်းလာခဲ့တာပါ။ အခုသူက လက်စတာအသင်းကြီးအတွက် တစ်ပွဲမှ မကစားရသေးပေမယ့် ဘရူနိုင်လက်ရွေးစင်အသင်းအတွက် ကိုးပွဲကစားပြီးသွားပြီ ဖြစ်ပါတယ်။

play
ဘရူနိုင်းလက်ရွေးစင် ဖာအစ်

 

“ ကျွန်တော်မှတ်မိသလောက် ငယ်ငယ်ကတည်းက ဘောလုံးကွင်းထဲ သွားနေရတာကို သဘောကျတယ်။ ခြေထောက်ထဲ ဘောလုံးရောက်လာရင် ပျော်နေမိတာ။ မိဘတွေကလည်း ကျွန်တော်ဝါသနာပါတာကို အားပေးပါတယ်။ ဘောလုံးသမားဖြစ်ဖို့ ကူညီပေးကြတယ်။ ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထက်မြက်လာအောင် လုပ်ပေးကြလို့ သူတို့က ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တွေပါပဲ” လို့ ဖာအစ်က Four Four Tow မဂ္ဂဇင်းနဲ့ ရှားရှားပါးပါး အင်တာဗျူးတစ်ခုမှာ ဒီလိုပြောခဲ့ပါတယ်။

play

 

လက်စတာတောင်ပံကစားသမားဖြစ်တဲ့ ဖာအစ်ရဲ့ ဖခင်ဖြစ်သူဟာ ဇိမ်ခံပစ္စည်းတွေသုံးစွဲရာမှာ နာမည်ကျော်သူ ဖြစ်ပြီး ဇိမ်ခံကားအစင်းပေါင်း ထောင်နဲ့ချီရှိတယ်လို့ ယုံကြည်ရပါတယ်။ ဖာအစ်ရဲ့ ဖခင်ဂျက်ဖရီဟာ မွေးနေ့ပွဲ ကျင်းပဖို့ မိုက်ကယ်ဂျက်ဆင်ကို ဒေါ်လာ ၁၂.၅ သန်းအကုန်ခံပြီး ငှားရမ်းဖျော်ဖြေစေခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD